တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းကနန်ရှားဟွီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမက်သာဖက်တမင်း(၁၁.၆)ကီလိုဂရမ်ကိုသိမ်းဆည်းရမိခဲ့ပြီးအဲဒီမူးယစ်ဆေးတွေပိုင်ဆိုင်တယ်လို့သံသယရှိတဲ့လူ(၆)ယောက်ကိုလည်းတရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်၊ မေလမှာဒေသခံတစ်ယောက်ကမူးယစ်ဆေးတွေလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ကသံသယရှိခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာနေ့တိုင်းသူ့အိမ်ကိုမူးယစ်ဆေးလုပ်ဖို့လိုတဲ့ပစ္စည်းအထုပ်တွေရောက်နေတယ်လို့ တွေ့ခဲ့ရပါတယ်။ ခြောက်လအကြာမှာသံသယတရားခံနဲ့ဝယ်လက်တွေတွေ့မယ်လို့ယူဆရတဲ့နေရာဖြစ်တဲ့ တရုတ်နိုင်ငံမြောက်ပိုင်းတျန်ဂျင်းမြို့မှာအထူးတပ်ဖွဲ့ကတခြားတပ်ဖွဲ့တွေနဲ့လက်တွဲပြီးသံသယတရားခံကိုထပ်ပြီးခြေရာခံခဲ့လို့ မတ်လမှာသံသယတရားခံနဲ့နောက်ထပ်သံသယတရားခံ(၅)ယောက်ကိုဖမ်းမိခဲ့ပါတယ်။ နောက်ထပ်စစ်ဆေးခဲ့ရာမှာတော့ သံသယတရားခံဟာမူးယစ်ဆေးတွေကို အ၀တ်လျှော်ဆပ်ပြာပုလင်းတွေထဲထည့်ပြီးသယ်လာတာလို့ သိရပါတယ်။ သူ့အိမ်မှာလည်းမူးယစ်ဆေးထုတ်ဖို့ သုံးတဲ့ပစ္စည်းအမျိုး(၃၀)ကျော်ကိုတွေ့ခဲ့ပါတယ်။ သံသယတရားခံစုစုပေါင်း(၆)ယောက်ကိုရဲတပ်ဖွဲ့ကထိန်းသိမ်းထားပြီးနောက် ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

 

Related News