အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ဟာ အင်္ဂါနေ့မှာဖုန်းနဲ့ဆွေးနွေးခဲ့ပြီးနောက် လာမယ့်တစ် ပတ်ကျင်းပမယ့် G-20ထိပ်သီးအစည်းအဝေးမှာတွေ့ဆုံမယ်လို့ အတည်ပြုလိုက်ပါတယ်။ အခုလကုန်ပိုင်းမှာ ဂျပန်နိုင်ငံ၊ အိုဆာ ကာမြို့မှာကျင်းပမယ့်G20ထိပ်သီးအစည်းအဝေးမှာ ရှီနဲ့အစည်းအဝေးလုပ်နိုင်ဖို့မျှော်လင့်နေပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဘုံစိုးရိမ်မှု ပြဿနာတွေကိုဆွေးနွေးသွားမယ်လို့ ထရမ့်ကပြောပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအဖွဲ့တွေဆက်သွယ်နိုင်ရေးနဲ့ လက်ရှိကုန်သွယ်ရေးအငြင်းပွားမှုတွေကိုတတ်နိုင်သမျှဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာဖွေဖို့ လည်း ထရမ့်ကပြောပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးကလည်း အမေရိကန်နဲ့ တရုတ်တို့သဘောတူညီချက်တစ်ခုရဖို့ မျှော်လင့်နေ မယ်ဆိုတာယုံကြည်တယ်လို့ ထရမ့်ကပြောပါတယ်။ တရုတ်-အမေရိကန်ဆက်ဆံရေးမှာ မကြာသေးခင်က အခက်အခဲတချို့ရှိခဲ့ တယ်လို့ ရှီကပြောပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ G-20အိုဆာကာ ထိပ်သီးအစည်းအဝေးမှာ အပြုသဘောဆောင်တဲ့ရလဒ်တွေအတွက်တွန်းအားပေးရာမှာ ခေါင်းဆောင်ပိုင်းကနေ ပူးပေါင်းပါဝင် သင့်ပြီး ပါဝင်မှပဲ ယုံကြည်မှုတိုးလာနိုင်တဲ့အပြင် ကမ္ဘာ့ဈေးကွက်လည်း ပြန်သွက်လာနိုင်တယ်လို့ ရှီကပြောပါတယ်။

 

Related News