တနင်္လာနေ့မှာနိုင်ငံတော်သစ္စာဖောက်မှုစွဲချက်အတွက်ရုံးတင်စစ်ဆေးမှုကောက်ချက်ချအပြီးမှာ အီဂျစ်သမ္မတဟောင်းမိုဟာမက် မော်စီသေဆုံးခဲ့တယ်လို့ အီဂျစ်နိုင်ငံပိုင်ရုပ်သံကဖော်ပြပါတယ်။ တရားသူကြီးကသူ့ကိုစကားပြောခွင့်ပေးခဲ့ချိန်မှာမော်စီက ဖြူဆုတ်နေတယ်လို့ အီဂျစ်ရုပ်သံကဖော်ပြပြီးသူ့ကိုဆေးရုံခေါ်သွားတယ်လို့လည်းသိရပါတယ်။ မော်စီက နှလုံးရောဂါခံစားနေရတာလို့ အီဂျစ်မီဒီယာတွေမှာဖော်ပြနေတာပါ။ လူ(၂၂)ယောက်နဲ့မော်စီတို့ကိုကိုင်ရိုမှာ ပြန်စစ်ဆေးနေတာဖြစ်ပြီးမော်စီဟာတခြားနိုင်ငံတွေအတွက် လျှို့ဝှက်စုံစမ်းပေးနေတာထင်ရှားလို့ ထောင်(၂၅)နှစ်ကျခံရဖို့ အမိန့်ချခဲ့ပါတယ်။ အသက်(၆၇)နှစ်ရှိနေတဲ့မော်စီဟာအီဂျစ်သမ္မတအဖြစ် (၂၀၁၂)ခုနှစ်မှာတာဝန်စယူခဲ့ပြီးသူ့အစိုးရကိုဆန့်ကျင်တဲ့လူအများကြီးက ဆန္ဒပြခဲ့လို့ (၂၀၁၃) ခုနှစ်မှာအီဂျစ်စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက်တော့ မော်စီနဲ့ သူဦးဆောင်တဲ့မွတ်ဆလင်ညီနောင်များအဖွဲ့ရဲ့ထိပ် တန်းခေါင်းဆောင်တွေကိုထောင်ချထားပြီးလူသတ်မှု၊ အင်အားသုံးတိုက်ခိုက်မှုတွေနဲ့ လျှို့ဝှက်စုံစမ်းမှုတွေနဲ့ တရားစွဲဆိုထားပါ တယ်။

 

Related News