တရုတ်နဲ့ ဂျပန်နိုင်ငံတို့က နောက်(၅)နှစ်မှာ နှစ်နိုင်ငံအနေနဲ့ လူငယ်(၃၀၀၀၀) ကို  အပြန်အလှန်သွားလာ လည်ပတ်ဖို့သဘောတူခဲ့တယ် လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရသူ လူကန်ကဧပြီလ(၁၇)ရက်က ပြောပါတယ်။ တရုတ်နိုင်ငံမြို့တော် ဘေကျင်းမှာ  ပြီးခဲ့တဲ့ရက်သတ္တပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး  တာရိုကိုနိုတို့  တရုတ်-ဂျပန်လူငယ်လဲလှယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှာ တွေ့ဆုံပြီး အခုအစီအစဉ် ပေါ်ပေါက်ခဲ့တာပါ။ နှစ်နိုင်ငံလူငယ်ချင်းလဲလှယ်ရေး အစီအစဉ်က နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေတယ်လို့လည်း  လူက ပြောပါတယ်။ နှစ်နိုင်ငံလူငယ်တွေက တီထွင်ဖန်တီးနိုင်မှုနဲ့ဥာဏ်ပညာနဲ့အတူ အမျိုးမျိုးသောလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်းလူကပြောပါတယ်။ နှစ်ဦးနှစ်ဖက်နားလည်မှုမြှင့်တင်တာကြောင့် နှစ်နိုင်ငံကြားမှာ လူငယ်တွေဖလှယ်မှုက အဓိကအင်အားဖြစ်လာတယ်လို့လည်း လူက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

 

 

 


  

Related News