ဘာစီလိုနာအသင်းဟာချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးမရှိ သရေသာကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ဆိုးနေတဲ့အစဉ်အလာဆိုးကို ရပ်တန့် နိုင်ခြင်းမရှိသေး တာဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ လိုင်ယွန်နဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု(၂၅)ကြိမ်ထိရရှိခဲ့ပေမယ့် (၅)ကြိမ်သာဂိုးပေါက် တည့် ခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာပါ။ ဒါပေမဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေက စားနိုင်ခဲ့တဲ့အတွက် အိမ်ကွင်းမှာ အနိုင်ကစား နိုင် မယ်ဆိုရင် ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ သရေပွဲ တွေ များပြားနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲ သာအနိုင်ရရှိပြီး(၄)ပွဲထိသရေကျထားပါတယ်။ယခုလိုင်ယွန်နဲ့ပွဲစဉ်မှာလည်း ဂိုးမရှိရေသာကစားနိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ရှုံးထွက်အဝေးကွင်းပွဲစဉ်(၆)ပွဲမှာ လုံးဝအနိုင်မရထားပဲ (၂)ပွဲသရေနဲ့ (၄)ပွဲထိရှုံးနိမ့် ထားပါတယ်။ ဒါ့အပြင် အဲဒီထဲမှ (၅)ပွဲကို ဂိုးမသွင်းနိုင်ခဲ့ပဲ အဝေးကွင်းတွေမှာဆို ရလဒ်တွေဆိုးရွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပြီး အိမ်ကွင်မှာ ရိုးမားကို(၄)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အဝေးကွင်းမှာ (၃)ဂိုးပြတ်ရှုံးနိမ့်ပြီး အဝေးဂိုးစည်းမျဉ်းနဲ့ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ ယခုလိုင်ယွန်အသင်း နဲ့ပွဲစဉ်မှာလည်း အဓိက တိုက်စစ်မှူး မက်ဆီက မှတ်တမ်းဆိုးတစ်ခုရရှိသွားပြီး ဂိုးပေါက်(၉)ဂိုးကြိမ်သွင်းခဲ့ပေ မယ့် ဂိုးမရခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားတာဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ တိုက် စစ်မှူးဆွာရက်နဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ကလည်း ပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်(၉)ကြိမ်ကန်သွင်းခဲ့ ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့ ကစားသမားတွေအဖြစ် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။

 

 

Related News