ပြင်သစ်နိုင်ငံမြို့တော်မှာ ပြီးခဲ့တဲ့စနေနေ့ကသီတင်းပတ်(၁၃)ပတ်မြောက်ရောင်ပြန်အကျီင်္ဝတ်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီးမင်းမဲ့စ ရိုက်အသွင်ဆောင်လာတဲ့ဆန္ဒပြသူတွေကို ရဲတွေက ဖြိုခွဲရာမှာမျက်ရည်ယိုဗုံးတွေနဲ့ရာဘာတုတ်တွေအသုံးပြုခဲ့တာကြောင့် ဆန္ဒ ပြသူတစ်ဦးကတော့ လက်တစ်ဖက်ဆုံးရှုံးခဲ့ပါတယ်။ ဘာကြောင့် အဲဒီဒဏ်ရာရတယ်ဆိုတာကိုအာဏာပိုင်တွေကအတည်မပြု သေးပေမဲ့ မျက်မြင်သက်သေတွေရဲ့အပြောအရတော့ သူ့လက်ထဲမှာပေါက်ကွဲသွားတဲ့မျက်ရည်ယိုဗုံးကိုကိုင်မိလိုက်တာကြောင့် လို့ သိရပါတယ်။ သူ့ကိုဆေးရုံမှာကုသမှုပေးနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ငရုတ်ကောင်းဖြန်းဆေးတွေနဲ့ ရာဘာတုတ် တွေအသုံးပြုခဲ့တဲ့ရဲတွေနဲ့ ဆန္ဒပြသူတွေကချမ့်ပ်အလစ်ဆီလမ်းမကြီးမှာထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ လယ်ကလည်းကစတင်ခဲ့တဲ့ရောင်ပြန်အကျီင်္ဝတ်ဆန္ဒပြမှုတွေကအစပိုင်းမှာဒီဇယ်ဆီဈေးတက်တာကြောင့်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူနေမှုစရိတ်ကြီးလာတာနဲ့ ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်ရဲ့ပြုပြင်ပြောင်းမှုတွေကိုအားမရတဲ့အတွက် အစိုးရဆန့်ကျင်ဆန္ဒပြရေး အသွင်ပြောင်းလာပါတယ်။ မွန့်ပယ်လီယာ၊ လိုင်လီ၊ နန့်တေးစ်၊ ရန်းနက်စ်၊ ဘရက်စ်တ်၊ ကိန်းနဲ့ လောရင့်မြို့မှာပါ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြ ပါတယ်။

 

 


 

Related News