မော်ရင်ညို မန်ယူအသင်းမှာရှိစဉ်က ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ်လူ ပေါ့ဘာက မော်ရင်ညိုရဲ့ နည်းစနစ်တွေက သူ့အတွက် အလွန်ခက်ခဲခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပေါ့ဘာဟာ မော်ရင်ညိုတောင်းဆိုမှုအရ မန်ယူအသင်းကို ရောက်ရှိခဲ့သူဖြစ်ပေမယ့် မန်ယူအသင်းမှာတော့ ဆက်ဆံရေးပိုင်း ဆိုးရွားခဲ့ပါတယ်။ ယခုနှစ်ရာသီမှာဆိုရင် မော်ရင်ညိုက ပေါ့ဘာကို လူသိရှင်ကြားမကြာခဏ ဝေဖန်ခဲ့သလို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်မှာမဟုတ်ဘူးလို့လည်း မီဒီယာတွေရှေ့မှာထုတ်ဖော်ပြော ကြားတာတွေရှိခဲ့ပါတယ်။ ပေါ့ဘာဟာ မော်ရင်ညိုလက် အောက်မှာ ပုံစံကောင်းမပြနိုင်ခဲ့ပဲ ကစားသမားဘ၀ အခက်အခဲဆုံးကာလနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ပေါ့ဘာက ပြောကြားရာမှာ "ကျနော်ကဘောလုံးကစားရရင်ကို ပျော်နေတဲ့သူပါ၊ မော်ရင်ညိုရှိစဉ်က သူရဲ့နည်းစနစ်တွေက ကျနော့်အတွက် တော်တော်ကိုခက်ခဲပါတယ်၊ ကျနော်က တိုက်စစ်သွားချင်တယ်၊ ပြိုင်ဘက်ကို ဖိအားပေးချင်တယ်၊ ဒါပေမဲ့ သူ့လက်အောက်မှာ ကျနော့်ပုံစံမဟုတ်တဲ့ ခံစစ်ကိုပဲ အာရုံစိုက်နေရပါတယ်၊ တိုက်စစ်ကစားရမယ်ဆိုရင် ကျနော်က သက်သောင့် သက်သာနဲ့ကစားနိုင်ပါတယ်၊  ဆိုရှားနဲ့ကျတော့ကျနော့်အတွက် အရာရာက လွယ်ကူသွားပါပြီ၊ သူက ကျနော့်ကို တိုက်စစ် လိုက်ခိုင်းတယ်၊ ဂိုးဧရိယာထဲ နေရာယူခိုင်းတယ်၊ အရာရာက လွယ်ကူသွားပါပြီ" လို့ပြောကြားခဲ့ပါတယ်။ပေါ့ဘာဟာ မော်ရင်ညိုလက်အောက်မှာ ရုန်းကန်ခဲ့ရပေမယ့် ဆိုးရှားလက်ထက်မှာတော့ အသင်းရရှိတဲ့(၁၅)ဂိုးမှာ (၈)ဂိုးထိ ပါဝင်ပတ်သက်ခဲ့ပြီး သူ့ရဲ့ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြန်လည်ပြသနေပါတယ်။ ပေါ့ဘာဟာ စပါးအသင်းကို အနိုင်ရရှိတဲ့ ယခုတစ် ပတ် ပွဲစဉ်မှာ အနိုင်ဂိုးကို ဖန်တီးခဲ့တာအပါအ၀င် ဆိုးရှားလက်ထက်မှာ (၄)ဂိုးသွင်းပြီး (၄)ကြိမ်ထိဖန်တီးပေးထားပါတယ်။

 

 

 

 

 

 

Related News