အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေတာ (၁၉)ရက်မြောက်တဲ့ဇန်န၀ါရီ(၉)ရက်မှာအဲဒီကိစ္စအတွက် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်၊ ဟောက်စ်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်ပါတီဝင် နန်စီပီလိုစီနဲ့ ဆီးနိတ်လွှတ်တော်လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် ချက် စခူမာတို့တွေ့ဆုံခဲ့ကြပြီး အဲဒီဆွေးနွေးမှုတွေဟာ အချိန်ဖြုန်းရုံပဲဖြစ်တယ်လို့ သမ္မတထရမ့်က တွစ်တာမှာရေးခဲ့ ပါတယ်။ ပီလိုစီနဲ့ စခူမာတို့ကသမ္မတထရမ့်တောင်းဆိုနေတဲ့ နယ်စပ်တံတိုင်းဆောက်ဖို့ ငြင်းဆိုခဲ့ပြီးနောက် ထရမ့်က ဆွေးနွေး ပွဲကနေထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်မှာ အမေရိကန်အစိုးရလုပ်ငန်းတွေ စပြီးရပ်ဆိုင်းနေကတည်းက အမေရိကန် အစိုးရ၀န်ထမ်း(၈)သိန်းလောက် လစာမရသေးပါဘူး။

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့ဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိက၀တ်ဖြစ်ပြီး အဲဒီတံတိုင်းဆောက်ဖို့ အတွက် အမေရိကန်ဒေါ်လာသန်း (၅၇၀၀)တောင်းခံထားတာကြောင့် အမေရိကန်အစိုးရ ရသုံးငွေစာရင်းကို ကွန်ဂရက်လွှတ်တော်က အတည်မပြုသေးတဲ့အတွက် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတာပါ။ အမေရိကန်-မက္ကဆီကိုနယ်စပ်တစ်လျှောက်ကနေ စီးဝင်လာတဲ့ တရားမ၀င်ရွှေ့ပြောင်းအခြေချသူတွေနဲ့ မူးယစ်ဆေးတွေက အမေရိကန်ဘေးကင်းစေရေးကို ထိခိုက်စေတယ်လို့ ထရမ့်ကပြောထားပြီး တံတိုင်းအတွက် ရန်ပုံငွေမချပေးဖို့ မက္ကဆီကိုဘက်ကလည်း ပြောထားပါတယ်။

 

 

 

Related News