အမေရိကန်-မက္ကဆီကိုနယ်စပ်မှာတံတိုင်းဆောက်နိုင်အောင် အမေရိကန်ဒေါ်လာသန်း(၅၇၀၀)ချထားပေးဖို့ အမေရိကန်ကွန်ဂရက် လွှတ်တော်ကိုသမ္မတဒေါ်နယ် ထရမ့်ကတိုက်တွန်းခဲ့ပေမဲ့ စစ်တပ်အသုံးစရိတ်ကနေတံတိုင်းအတွက်ပေးဖို့ အရေးပေါ်အခြေအနေကိုတော့ မကြေညာခဲ့ပါဘူး။ ဇန်န၀ါရီ(၈)ရက်ကအမေရိကန်နိုင်ငံကိုပြောခဲ့တဲ့မိန့်ခွန်းမှာထည့်သွင်းပြောခဲ့တာပါ။ အမေရိကန်တောင်ပိုင်းမှာလုံခြုံရေး အကြပ်အတည်းရှိနေတယ်လို့ ကြိုတင်စီစဉ်ထားတဲ့ရုပ်သံမိန့်ခွန်းမှာ ပါဝင်ပါတယ်။ အမေရိကန်-မက္ကဆီကိုနယ်စပ်တစ်လျှောက်ကနေ စီးဝင်လာတဲ့ တရားမ၀င်ရွှေ့ပြောင်းအခြေချသူတွေနဲ့ မူးယစ်ဆေးတွေကအမေရိကန်ဘေးကင်းစေရေးကိုထိခိုက်စေတယ်လို့ ထရမ့်က ပြောပါတယ်။ ကွန်ဂရက်လွှတ်တော်ကရသုံးငွေစာရင်းအတည်မပြုပေးနိုင်သေးတာကြောင့် ဘေးကြပ်နံကြပ်ဖြစ်နေတာအတွက် အဖြေတစ်ခု ဆက်ရှာသွားမယ်လို့လည်းပြောပါတယ်။

မနက်ဖြန်ဇန်န၀ါရီ(၁၀) ရက်မှာထရမ့်က မက္ကဆီကိုနယ်စပ်ကိုသွားလည်ဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကကွန်ဂရက်လွှတ်တော်က အ တည်ပြုခဲ့တဲ့ရသုံးငွေစာရင်းမှာတံတိုင်းအတွက် ရန်ပုံငွေမပါ တာကြောင့် ထရမ့်က အတည်ပြုလက်မှတ်မထိုးခဲ့တဲ့အတွက် အ မေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေတာ ဇန်န၀ါရီ(၈)ရက်မှာ (၁၈)ရက်ရှိနေပါပြီ။ နယ်စပ်တံတိုင်းဆောက်ဖို့ဟာထရမ့်ရဲ့ရွေး ကောက်ပွဲကတိက၀တ်ဖြစ်ပြီးတံတိုင်းအတွက် ငွေအတည်ပြုရေးငြင်းဆိုဖို့ မက္ကဆီကိုအစိုးရဘက်ကလည်းပြောထားပါတယ်။

 

Related News