သြစတြေးလျကမ်းခြေတစ်ခုမှာ ဇန်န၀ါရီလ(၆)ရက်က လူထောင်ချီကို ဘလူးဘော်တယ်လ်ဂျယ်လီငါးတွေကိုက်ခဲ့တာကြောင့် ကုသမှုတွေပေးခဲ့ရပေမဲ့ အသက်အန္တရာယ်တော့မရှိဘူးလို့သိရပါတယ်။ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်က ကမ်းခြေတစ်ခုမှာ ဘလူးဘော်တယ်လ်ဂျယ်လီငါးတွေက လူထောင်ချီကို ကိုက်ခဲ့တာ ကြောင့် ကမ်းခြေကရေကူးတဲ့နေရာတွေကိုပိတ်သိမ်းခဲ့ပါတယ်။ ဇန်န၀ါရီလ(၆)ရက်မှာ ဘလူးဘော်တယ်လ်ဂျယ်လီငါးတွေကိုက် ခံခဲ့ရတဲ့ လူ(၂)ထောင်ကျော်ကိုကုသမှုတွေခံယူခဲ့ရတယ်လို့ Surf Life Saving Queensland ကပြောပါတယ်။ ပုံမှန်အားဖြင့် ဘလူးဘော်တယ်လ်တွေကိုက်ခံရရင် အသက်အန္တရာယ်မရှိပေမဲ့ လူကိုနာကျင်စေပါတယ်။ ဒါပေမဲ့ဂျယ်လီငါးတွေကို လေပြင်း တိုက်ခတ်မှုတွေက ကမ်းခြေနဲ့ဝေးရာတွန်းပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ဂျယ်လီငါးကိုက်ခံရတဲ့လူပေါင်း(၁)သောင်း ကျော်ရှိပြီး ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်ကထက်သုံးကြိမ်လောက်ပိုများခဲ့တာပါ။ အဲဒီထဲကဖြစ်ရပ်အများစုက ဂိုးလ်ကို့စ်နဲ့ ဆန်းရှိုင်းကို့စ် ဒေသတွေမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီဂျယ်လီငါးတွေရဲ့ ကိုယ်ထည်ပိုင်းအိတ်တွေဟာ(၆)လက်မလောက်ရှည်လျားပြီး ရေ ထဲမှာ(ဒါမှမဟုတ်)သဲပြင်ပေါ်မှာလူတွေကို ကိုက်နိုင်ပါတယ်။ ဂျယ်လီငါးအကိုက်ခံရရင် ဒဏ်ရာမပြင်းထန်သလိုရေခဲ(ဒါမှမဟုတ်) ရေနွေးနဲ့ကုသနိုင်ပေမဲ့ ဇန်န၀ါရီလ(၆)ရက်ကဖြစ်ရပ်မှာတော့ လူတချို့ကိုသူနာပြုတွေရဲ့ကုသမှုတွေပေးခဲ့ရပါတယ်။ ဘလူးဘော် တယ်လ်ဂျယ်လီငါးတွေကို နွေရာသီမှာ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းကမ်းခြေမှာ မကြာခဏမြင်တွေ့နိုင်ပါတယ်။         

                            

 

 

Related News