အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ကုန်သွယ်ရေးစစ်ပွဲတွေကို ဖြေရှင်းဖို့ ဆွေးနွေးပွဲပြုလုပ်မယ့်ရက်ကို သတ်မှတ်လိုက်ပြီဖြစ်ပြီး လာ မယ့်ဇန်န၀ါရီလ(၁၄)ရက်မှာ အမေရိကန်နဲ့ တရုတ်အရာရှိတွေကစတင်ဆွေးနွေးသွားမယ်လို့သိရပါတယ်။ ဆွေးနွေးပွဲပြုလုပ်မယ့် နေရာကတော့ တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမှာပါ။ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်မှာ နှစ်နိုင်ငံစလုံးဟာ တစ်ဖက်နဲ့ တစ်ဖက် အခွန် တွေတိုးကောက်ခဲ့ပေမဲ့ အာဂျင်တီးနားနိုင်ငံမှာ ဒီဇင်ဘာလအစောပိုင်းက ကျင်းပခဲ့တဲ့ G-20ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မ တရှီကျင့်ပင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့ပြီး (၂)နိုင်ငံကြားကုန်သွယ်ရေး တင်းမာမှုတွေကို လျှော့ချခဲ့ပါတယ်။

အဲဒီG-20ဆွေးနွေးပွဲမှာ အမေရိကန်ဒေါ်လာ(၂၀၀)ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမကောက်ဖို့ ခေါင်း ဆောင်(၂)ဦးသဘောတူခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အမေရိကန်ကားတွေအပေါ်အခွန်လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တရုတ်စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ဂေါင်ဖန်ကပြောခဲ့ပါတယ်။ ဒီဇင်ဘာလ(၂၀)ရက်က ဒုတိယ ၀န်ကြီးတွေအစည်းအဝေးမှာ ဥာဏပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးအတွက် အမြင်ချင်း ဖလှယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

 

Related News