စပိန်နိုင်ငံ၊ ပန်ပလိုမာမြို့မှာ နှစ်စဉ်ကျင်းပတဲ့နွားသိုးအပြေးပြိုင်ပွဲမှာ (၂၀၁၆)ခုနှစ်က အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို အုပ်စု ဖွဲ့အဓမ္မကျင့်ခဲ့သူ(၅)ဦးဟာ အဓမ္မမှုမမြောက်ဘူးလို့ ဒီဇင်ဘာလ(၅)ရက်မှာ စပိန်တရားရုံးကဆုံးဖြတ်လိုက်ပြီး လိင်ပိုင်းဆိုင်ရာအ လွဲသုံးမှုနဲ့ အနည်းဆုံးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီ(၅)ဦးကို ပြီးခဲ့တဲ့ဇွန်လမှာ အာမခံနဲ့ပြန်လွှတ်ပေးထားပါတယ်။ အဲဒီ(၅)ဦး ထဲမှာ ရဲသားဟောင်းတစ်ဦးနဲ့ စစ်သားဟောင်းတစ်ဦးပါဝင်နေပါတယ်။ သူတို့(၅)ဦးက ဒီဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတင်ထားပြီး Whatsapp Groupတစ်ခုထဲမှာဖြန့်ဝေခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ကြောင့် စပိန်နိုင်ငံမှာ အငြင်းပွားမှုတွေရှိခဲ့ပြီး နိုင်ငံတစ်ဝန်းနဲ့လူ မှုကွန်ရက်တွေပေါ်မှာ ဆန္ဒပြမှုတွေလည်းရှိခဲ့ပါတယ်။ ဒီအဓမ္မမှုအတွက် ထောင်ဒဏ်(၉)နှစ်ပဲကျခံဖို့ နာဗရီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တရားသူကြီး(၅)ဦးကဆုံးဖြတ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကိုသူတို့မနှစ်သက်ဘူးလို့ အသက် (၁၈)နှစ်အရွယ် အမျိုး သမီးရဲ့ရှေ့နေကပြောပါတယ်။ ပြစ်သူကျူးလွန်သူတွေက အဓမ္မမှုကျူးလွန်ရာမှာ ခြောက်လှန့်ခဲ့တဲ့အတွက် လိင်အကြမ်း ဖက်မှုမြောက်တာကြောင့် ထောင်ဒဏ်(၁၄)နှစ်လောက်ကျခံရနိုင်တယ်လို့ စီရင်ချက်ချခဲ့တဲ့တရားသူကြီး(၅)ဦးထဲက (၂)ဦးက ပြောပေမဲ့ ကျန်တဲ့(၃)ဦးက (၉)နှစ်ပြစ်ဒဏ်ပဲချမှတ်ခဲ့ပါတယ်။

 

 

Related News