ဒီဇင်ဘာလ(၄)ရက်က တရုတ်သမ္မတရှီကျင့်ပင်နဲ့ ဇနီးဖန်လီယွမ်တို့ဟာ ပေါ်တူဂီနိုင်ငံ၊ မြို့တော် လစ်စဘွန်ကိုသွားရောက်ခဲ့ကြပြီး ပေါ်တူဂီသမ္မတမာစယ်လိုရယ်ဘယ်လိုဒီစိုစာကပြုလုပ်ပေးတဲ့ ကြိုဆိုပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ကာ  တရုတ်သမ္မတရှီနဲ့ ရယ်ဘယ်လိုဒီစိုစာတို့ကဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးခဲ့ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေက သေနတ်(၂၁)ချက်ပစ် ဖောက်ကြိုဆိုခဲ့တာပါ။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ပြီး သမ္မတရှီ ပေါ်တူဂီနိုင်ငံကို(၂)ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိလာတာဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံကိုအခုလာရောက်တဲ့ခရီးစဉ်က လွန်ခဲ့တဲ့(၈)နှစ်အတွင်း ဥရောပနိုင်ငံကို တရုတ်ခေါင်းဆောင်တစ်ဦး ပထမဆုံးလာရောက်တဲ့ခရီးစဉ်လည်းဖြစ်လာပါတယ်။ (၂)နိုင်ငံစလုံးက တူညီတဲ့ကြိုးစား အားထုတ်မှုတွေကြောင့် တရုတ်-ပေါ်တူဂီဆက်ဆံရေးက အနာဂတ်မှာ ပိုမိုကောင်းမွန်လိမ့်မယ်လို့လည်း (၂)နိုင်ငံစလုံးကယုံ ကြည်ပါတယ်။ စပိန်၊ အာဂျင်တီးနားနဲ့ ပနားမားနိုင်ငံတို့ကို သမ္မတရှီသွားရောက်ခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံကိုသွားရောက်တဲ့ခရီးစဉ်က သမ္မတရှီရဲ့နောက်ဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

 

Related News