ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရေးအတွက်  တရုတ်နိုင်ငံက ပရိတ်သတ်ကို ထိုင်းတီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ We Care About Youအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ဖို့  ထိုင်းနိုင်ငံဘက်ကစီစဉ်နေပါတယ်။ ထိုင်းအမျိုးသားလွှတ်တော်ရဲ့ ဘာ သာရေး၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ခရီးသွားလုပ်ငန်းကော်မတီတွေဘက်က လာမယ့်(၂၀၁၉)၊ ဇန်န၀ါရီလ(၂၀)ရက်မှာ တိုက်ရိုက် ထုတ် လွှတ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်အပြင်ဘက်က မောင်းသောင်း သာနိ ရေကန်မှာရိုက်ကူးမှာဖြစ်ပြီး ထိုင်းအချက်အပြုတ်တွေကိုအဓိကထားရိုက်ကူးသွားမှာဖြစ်တယ်လို့ ထိုင်းအမျိုးသားလွှတ် တော်ကော်မတီဥက္ကဋ္ဌ ပွန်ပက်ဝီချစ်ချောချိုင်းကပြောပါတယ်။ အဲဒီအစီအစဉ်ထဲမှာ ထိုင်းနိုင်ငံကသရက်သီး၊ ဆန်စီး အပါအ၀င် ထိုင်းအစားအသောက်တွေကိုလည်းပြသမှာပါ။ အလေးချိန်(၁)တန်ကျော်ရှိတဲ့ သရက်သီး(၅)ထောင်၊ ဆန် စေး(၁.၅)တန်နဲ့ ကမ္ဘာ့အကြီးဆုံးဟင်းလျာတစ်ခုအဖြစ်မှတ်တမ်းဝင်နိုင်အောင် ပွဲစီစဉ်သူတွေကပြုလုပ်ပြသမှာဖြစ်ပြီး တရုတ်နိုင်ငံက လူ(၁) သောင်းကို ဖိတ်ခေါ်ပြသသွားမယ်လို့သိရပါတယ်။

 

 

Related News