ထိုင်းနိုင်ငံတောင်ပိုင်း၊ ယာလာခရိုင်မှာ ခရာတွန်မ်လို့ခေါ်တဲ့စိတ်ကို ပြောင်းလဲစေတဲ့အရွက်(၆၀)ကီလိုဂရမ်ကို ရောင်းခဲ့တဲ့မလေး ရှားရဲတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့အသက်(၃၀)အရွယ်ရှိအဲဒီရဲဟာ မလေးရှားနိုင်ငံ၊ ပီရက်ခ်ပြည်နယ်ကဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့အသွင်ယူရဲတပ်ဖွဲ့ဝင်တစ်ဦးက ခရာတွန်မ်တွေကိုဝယ်ဖို့ သူနဲ့သဘောတူညီမှုလုပ်ခဲ့တာပါ။ ခရာတွန်မ်တွေကို ဆိုင်ကယ်နဲ့ လိုက်ပို့ခဲ့တဲ့အဲဒီလူကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ (၆၀)ကီလိုဂရမ်ရှိတဲ့ ခရာတွန်မ်ရွက်တွေကို အဲဒီလူကအိတ်(၁၁)အိတ်နဲ့ထုပ်ထားတာကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တာလို့ သိရပါတယ်။

အခုဖမ်းမိခဲ့တဲ့အရေအတွက်ဟာ မလေးရှားရဲတပ်ဖွဲ့က တပ်ကြပ်တစ်ဦးဖြစ်တဲ့ ဘာဒရူးလ်ဟိုင်ဆမ်ဘင်ခါမာ လူဒင်အနေနဲ့ ထိုင်းနိုင်ငံထဲက ၀ယ်သူတွေ ဆီကိုအကြိမ်ပေါင်းများစွာ ရောင်းချခဲ့တယ်ဆိုတာညွှန်ပြနေတာကြောင့် ထိုင်းရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းသွားမယ်လို့ သိရပါတယ်။ ခရာတွန်မ်ဟာ သစ်ပင်မျိုးနွယ်ဝင်တစ်မျိုးဖြစ်ပေမဲ့ ထိုင်းနိုင်ငံထဲမှာ ခရာတွန်မ်တွေအသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။

 

 

Related News