အင်ဒိုနီးရှားနိုင်ငံမှာ အောက်တိုဘာလ(၂၉)ရက်က မြို့တော် ဂျာကာတာက နေ ပန်ဂဲလ်ပီနန်ကျွန်းကိုဦး တည်ပျံသန်းခဲ့တဲ့ ဘိုအင်း(၇၃၇)လေယာဉ်ပျက်ကျခဲ့ပြီးနောက် လေယာဉ်အပျက်အစီးတွေကိုရှာဖွေရင်း ကယ်ဆယ်ရေးသမားတစ်ဦးသေဆုံးခဲ့ပါတယ်။ သူရထွန်းကတင်ဆက်ပေးမှာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ အောက်တိုဘာလ(၂၉)ရက်က ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျခဲ့ပြီးနောက် နိုဝင်ဘာလ(၃)ရက်က အဲဒီအပျက်အစီးတွေကို ရှာဖွေရင်း အစ္စ၀ါတိုအမည်ရတဲ့ကယ်ဆယ်ရေးသမားတစ်ဦးသေဆုံးခဲ့ပါတယ်။

အစ္စ၀ါတို ဟာပြီးခဲ့တဲ့စက် တင်ဘာလက ပါလူမြို့ကို ဆူနာမီရေလှိုင်းကြီးတွေဝင်ရောက်ခဲ့တာကြောင့် ကယ်ဆယ်ရေးတွေလုပ်ဆောင်ရာမှာလည်းပါဝင်ခဲ့ပြီး (၂၀၁၄)ခုနှစ်က Air Asia လေယာဉ်ပျက်ကျခဲ့စဉ်က ကယ်ဆယ်ရေးတွေလုပ်ဆောင်ရာမှာလည်းပါဝင်ခဲ့တာပါ။ အစ္စ၀ါတိုဟာရှာ ဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီက စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ အင်ဒိုနီးရှားရေတပ်ရှာဖွေကယ်ဆယ်ရေးဌာနခွဲတပ် မှူးကပြောပါတယ်။ လေ ယာဉ်အပျက်အစီးတွေကိုရှာဖွေရင်း ရေနက်ပိုင်းက ဖိအားဒဏ်ကိုမခံနိုင်တော့တာကြောင့် အခုလိုသေ ဆုံးခဲ့တာလို့လည်းပြောပါ တယ်။

 အောက်တိုဘာလ(၂၉)ရက်က ပျံသန်းခဲ့တဲ့ Lion Airလေယာဉ်ဟာ မြို့တော်ဂျာကာတာကနေ ပန်ဂဲလ်ပီနန်ကျွန်းကို ဦးတည်ပျံသန်းခဲ့ပေမဲ့ လေဆိပ်ကနေထွက်ခွာပြီးနောက် မိနစ်အနည်းငယ်အကြာမှာပျက်ကျခဲ့တာပါ။ အဲဒီလေ ယာဉ်ပေါ်မှာ ခရီး သည်(၁၈၉)ဦးလိုက်ပါခဲ့ပြီး အသက်ရှင်ကျန်သူမရှိခဲ့ပါဘူး။ အင်ဒိုနီးရှားနိုင်ငံမှာLion Airလေကြောင်း လိုင်းကို (၁၉၉၉)ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှ၊ သြစတြေလျနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကိုပျံသန်း ပေးခဲ့ပါ တယ်။

 

 

 

Related News