ပီရူးနိုင်ငံမြို့တော်လီမာမှာ လေးရက်ကြာကျင်းပမှာဖြစ်ပြီး လူတစ်သောင်းလောက်လာရောက်ဖွယ်ရှိနေတဲ့ ဂျပန်ကာတွန်းပွဲတော်ကို နိုဝင်ဘာလ(၃)ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။ ပီရူးနိုင်ငံမြို့တော်လီမာမှာကျင်းပနေတဲ့ဂျပန်ကာတွန်းပွဲတော်ကို စိတ်ဝင်စားသူတွေများနေပါတယ်။ ပီရူးနိုင်ငံမှာရှိတဲ့ ဂျပန်ကာတွန်း ပရိသတ်တွေကဦးဆောင်ကျင်းပတဲ့(၄)ရက်ကြာကာတွန်းပွဲတော်က တောင်အမေရိကတိုက်မှာ အကြီးဆုံးပြပွဲဖြစ် ပါတယ်။ ဂျပန်ကာတွန်းဇာတ်လမ်းDragon Ballကို စပိန်ဘာသာစကားပြောနဲ့တင်ဆက်ခဲ့သူတွေရဲ့စကားဝိုင်းနဲ့ ကာတွန်းဇာတ် လမ်းတွေရဲ့ဇာတ်ဝင်တေးတွေကို အဆိုပြိုင်ပွဲပြုလုပ်တာကိုလည်း လူကြိုက်များနေတာပါ။

ကလေးငယ်တွေက ကာတွန်းဇာတ် ကောင်တွေလို ၀တ်ဆင်ပြီးယှဉ်ပြိုင်တာကိုလည်း သြဘာပေးနေကြပါတယ်။ ပီရူးနိုင်ငံမှာ ဂျပန်ကာတွန်းပရိသတ်တွေရှိနေပြီး ပြီးခဲ့တဲ့(၂)နှစ်အတွင်း ပီရူးနိုင်ငံကရုပ်သံလိုင်းတွေမှာ ဂျပန်ကာတွန်းကားတွေပြသနေပါတယ်။ တချို့မိဘတွေက သူတို့ရဲ့က လေးတွေကို ဂျပန်ကာတွန်းဇာတ်ကောင်တွေရဲ့နာမည်တွေပေးနေကြပါတယ်။ ပွဲတော်ကာလအတွင်း ပရိသတ်အယောက်(၁) သောင်းလောက်လာရောက်ဖွယ်ရှိနေတယ်လို့ ပွဲစီစဉ်သူတွေကခန့်မှန်းနေပါတယ်။

 

Related News