ဘူဂေးရီးယားနိုင်ငံက စုံစမ်းဖော်ထုတ်သတင်းတင်ဆက်တဲ့ရုပ်သံသတင်းထောက်“ဗစ်တိုးရီးယား မာရီနိုဗာ” နဲ့ဆက်စပ် နေတယ်လို့ယူဆရတဲ့ ရိုမေးနီးယားနိုင်ငံသား(၁)ဦးကို ဘူဂေးရီးယားရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပေမဲ့ သူ့ကို စွဲချက်တစုံတရာတင်ခဲ့ ခြင်းမရှိဘဲပြန်လွှတ်လိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေဦးမှာဖြစ်ပြီး အချက်အလက်သက်သေမပြည့်စုံတာကြောင့် အဲဒီရိုမေးနီးယားနိုင်ငံသားကို လွှတ်ပေးလိုက်ရတာလို့ လူသတ်မှုဖြစ်ပွားခဲ့တဲ့ရု့စ်မြို့ရဲတပ်ဖွဲ့ကပြောပါတယ်။

အောက်တိုဘာလ (၆)ရက်မှာ မာရီနိုဗာသေဆုံးနေခဲ့တာဖြစ်ပြီး သေဆုံးရတဲ့အကြောင်းရင်းက ခေါင်းကိုအရိုက်ခံရပြီးနောက် အသက်ရှူကြပ်သေ ဆုံးခဲ့တာဖြစ်ပါတယ်။ မသေဆုံးခင်မှာ အဓမ္မကျင့်ခံခဲ့ရတယ်လို့လည်း ဘူဂေးရီးယားပြည်ထဲရေးဝန်ကြီးက အတည်ပြုထားပါ တယ်။ မာရီနိုဗာနောက်ဆုံးတင်ဆက်ခဲ့တဲ့ရုပ်သံအစီအစဉ်က စက်တင်ဘာလ(၂၉)ရက်မှာ ဥရောပသမဂ္ဂ(အီးယူ)ရန်ပုံငွေတွေပါ ၀င်နေတဲ့အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့သတင်းထောက်(၂)ဦးနဲ့တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပြီး သူကလည်း အဲဒီ လိုစုံစမ်းမှုတွေလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။ မာရီနိုဗာသေဆုံးရတဲ့အကြောင်းရင်းက သူ့လုပ်ငန်းနဲ့ဆက်စပ်နေသလားဆိုတာ တော့ မသိရသေးပါဘူး။ မာရီနိုဗာဟာ ပြီးခဲ့တဲ့(၁၂)လအတွင်း အီးယူအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အသတ်ခံခဲ့ရတဲ့တတိယမြောက်သ တင်းထောက်ဖြစ်ပါတယ်။

 

 

 

Related News