အာဖရိကတိုက်အရှေ့ပိုင်းက မက်ဒါဂါစကာနိုင်ငံမှာ အဆုတ်ရောင်ရောဂါပျံ့နှံ့နေပြီး အရေးပေါ်အဆင့်ရောက်နေပြီလို့ အောက် တိုဘာလ(၄)ရက်မှာ ကုလသမဂ္ဂကသတိပေးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေကို ဘေးကင်းကင်းနဲ့မြေမြှုပ်တာအပါအ၀င် ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေအရေးတကြီးလိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ရောဂါဖြစ်ပွားတယ်လို့ယူဆ ရတဲ့လူ(၃၁)ဦးမှာ လူ(၆)ဦးကရောဂါဖြစ်နေတယ်လို့တွေ့ခဲ့ရပြီး လူ(၆)ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)ရဲ့ စက်တင်ဘာလ(၃၀)ရက်ကအစီရင်ခံစာမှာဖော်ပြပါတယ်။

သေဆုံးခဲ့တဲ့လူ(၆)ဦး မှာ (၃)ဦးကအဆုတ်ရောင်တာကြောင့်သေဆုံးခဲ့ပြီး နောက်ထပ်(၃)ဦးက အကြိတ်ယောင်တာကြောင့် သေဆုံးခဲ့တာလို့သိရပါ တယ်။ အဆုတ်ရောင်ရောဂါက မက်ဒါဂါစတာနိုင်ငံရဲ့အမြင့်ပိုင်းမှာ ဧပြီလနဲ့စက်တင်ဘာလမှာ အစုလိုက်ဖြစ်ပေါ်ခဲ့ပြီး ကြိုတင် ကာကွယ်မှုမရှိဘူးဆိုရင် ရောဂါကပိုပျံ့နှံ့နိုင်တဲ့အပြင် အရေးပေါ်အဆင့်ရောက်လာနိုင်တယ်လို့ အောက်တိုဘာလ(၄)ရက်က ကုလသမဂ္ဂပြောခွင့်ရသူဖာဟန်ဟာ့ကပြောပါတယ်။ နောက်ဆုံးအဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့တဲ့(၂၀၁၈)ခုနှစ်ဧပြီလကုန်မှာ အ ဆုတ်ရောင်ရောဂါဖြစ်ပွားသူ(၂၆၇၁)ဦးရှိခဲ့ပြီး အနည်းဆုံး(၂၃၉)ဦးသေဆုံးခဲ့တယ်လို့ (OCHA)ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ 

 

 

 

Related News