ဂျပန်နိုင်ငံ၊ ကူရှီနိုအဲရာကျွန်းပေါ်က မီးတောင်ပေါက်ကွဲဖွယ်ရှိနေတာကြောင့် ဒုတိယအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး သက် ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကို ပြောင်းရွှေ့ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားနေပါတယ်။ သြဂုတ်လ(၁၅)ရက်အစောပိုင်းကတည်းက ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ ကာဂိုရှီမာစီရင်စုမှာရှိတဲ့ ကူရှီနိုအီရာဘူကျွန်းမှာ မီး တောင်လှုပ်ရှားမှုပြင်းထန်လာတာကြောင့် မီးတောင်အခြေအနေသတိပေးချက်ကို အဆင့်(၂)လို့အစောပိုင်းမှာ ထုတ်ပြန်ထားပေ မဲ့ အဆင့်(၄)အဖြစ် ဂျပန်မိုးလေ၀သအေဂျင်စီက တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

သတိပေးချက်အရ သက်ကြီးရွယ်အိုတွေနဲ့ မ သန်စွမ်းသူတွေကို ကြိုတင်ရွှေ့ပြောင်းထားရမှာဖြစ်ပြီး ဒေသခံတိုင်းကလည်း ရွှေ့ပြောင်းဖို့ပြင်ဆင်ထားရမှာပါ။ မီးတောင်လှုပ်ရှား မှုကြောင့် သြဂုတ်လ(၁၅)ရက်မနက်ပိုင်းအထိ ငလျင်(၂၆)ကြိမ်လှုပ်ခဲ့တယ်လို့သိရပါတယ်။ အင်အားအပြင်းဆုံးငလျင်က ပြင်း အား(၁.၉)မဂ္ဂနီကျူ့အဆင့်ရှိပြီး ပြီးခဲ့တဲ့(၃)နှစ်က မီးတောင်မပေါက်ကွဲခင်မှာ ငလျင်လှုပ်ခတ်စဉ်က ဗဟိုပြုခဲ့တဲ့ မြေအောက်(၅)မီ တာအကွာလောက်ကိုပဲ ထပ်ပြီးဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။ မီးတောင်ပေါက်ကွဲမှုက ကျွန်းပေါ်က လူနေတဲ့ဒေသတွေကိုထိခိုက်နိုင် အောင် အားပြင်းဖွယ်ရှိနေတယ်လို့ ဂျပန်မိုးလေ၀သအေဂျင်စီကသတိပေးထားပါတယ်။ (၂၀၁၅)ခုနှစ်၊ မေလမှာ မီးတောင်ပေါက် ကွဲခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီးနောက်ပိုင်း အခုသတိပေးချက်က ပထမဆုံးဖြစ်ပါတယ်။

 

 

 

Related News