အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးလ်အနောက်ပိုင်းက စာသင်ကျောင်းတစ်ခုမှာ အသေခံဗုံးခွဲမှု(၁)ခုဖြစ်ပွားခဲ့တာကြောင့် အ နည်းဆုံးလူ(၄၈)ဦးဒဏ်ရာရခဲ့ပြီး နောက်ထပ်(၆၇)ဦးဒဏ်ရာရခဲ့ပါတယ်။ စာသင်နေတုန်းမှာ အသေခံဗုံးခွဲတဲ့သူက သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာလို့ ကဘူးလ်ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးခဲ့သူအများစုဟာ တက္ကသိုလ်ဝင်ခွင့်အတွက် အချိန်ပိုကျူရှင်တက်နေ ကြတဲ့ကျောင်းသားတွေဖြစ်ပါတယ်။

ရှီးယိုက်မွတ်ဆလင်တွေအများစုနေကြတဲ့အဲဒီဒေသကပေါက်ကွဲမှုဟာ သူတို့ရဲ့လက်ချက်မ ဟုတ်ဘူးလို့ တာလီဘန်စစ်သွေးကြွတွေက ထုတ်ပြန်ထားပါတယ်။ အဲဒီပေါက်ကွဲမှုက သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အိုင် အက်စ်အကြမ်းဖက်အဖွဲ့က သြဂုတ်လ(၁၆)ရက်မှာ ၀န်ခံခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ ၀င်တွေက သေနတ်နဲ့ပစ်တဲ့အသံတွေကို ကြားလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီဖြစ်ရပ်က ရမ်းကားမှုဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ရှုတ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂)နှစ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံက ရှီးယိုက်မွတ်ဆလင်တွေနေတဲ့နေရာတွေ ကို တိုက်ခိုက်မှုစုစုပေါင်း(၁၃)ခုရှိခဲ့ပါတယ်။

 

 

 

Related News