အိန်္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့မှာ မေလ(၁၅)ရက်က ခုံးကျော်တံတား(၁)စင်းပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ(၁၈)ဦးသေဆုံးပြီး နောက်ထပ်လူဒါဇင်ချီပိတ်မိခဲ့ပါတယ်။ အိန်္ဒိယနိုင်ငံမြောက်ပိုင်း၊ ဗာရာဏသီမြို့မှာ မေလ(၁၅)ရက်က ခုံးကျော်တံတားပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ(၁၈)ဦးသေဆုံး တဲ့အပြင် နောက်ထပ်လူဒါဇင်ချီနဲ့ ယာဉ်တွေတံတားအောက်မှာ ပိတ်မိခဲ့ပါတယ်။ အဲဒီတံတားကဆောက်လုပ်ဆဲအဆင့်ဖြစ်ပြီး ပြို ကျတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ တံတားပြိုကျခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်လို့NDTVသတင်းဌာနက သတင်း ဖော်ပြပါတယ်။ သေဆုံးခဲ့တဲ့လူ(၁၈)ဦးရဲ့အလောင်းတွေကို ပြိုကျခဲ့တဲ့တံတားအောက်မှာ ပြန်တွေ့ခဲ့တယ်လို့ အိန်္ဒိယအမျိုးသားသ ဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ကပြောပါတယ်။

တံတားအောက်မှာ နောက်ထပ်ပိတ်မိသူတွေရှိသေးတယ်လို့ ယူဆတာကြောင့် ကယ်ဆယ်ရေးဆက်လုပ်နေပေမဲ့ လူအရေအတွက်နဲ့ သူတို့ရဲ့အခြေအနေကိုတော့မသိရသေးပါဘူး။ ကွန်ဂရစ်အုတ်မြစ်တွေ ကိုမတင်ဖို့ ၀န်ချီစက်(၇)စီးနဲ့ကြိုးစားနေတာကြောင့် ပိတ်မိနေသူတချို့ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သတင်းတွေမှာဖော် ပြနေပါတယ်။ (၂၀၁၇)ခုနှစ်၊ စက်တင်ဘာလက အိန်္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့က (၆)ထပ်အဆောက်အအုံ(၁)ခုပြိုကျခဲ့တာကြောင့် လူ(၃၃)ဦးသေဆုံးခဲ့ပြီး (၂၀၁၆)ခုနှစ်တုန်းကလည်း ကာလကတ်္တားမြို့က ခုံးကျော်တံတားပြိုကျခဲ့တာကြောင့် လူ(၂၀)ကျော်သေ ဆုံးခဲ့ပါတယ်။

 

 

Related News