နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ မြောက်ကိုရီးယားက သဘောတူမယ်ဆိုရင် စီးပွားရေးပြန်ထူထောင်ဖို့ အထောက်အပံ့တွေပေးသွားမယ်လို့ အမေရိကန်က ကမ်းလှမ်းထားပါတယ်။ နျူကလီးယားလက်နက်ဖျက်သိမ်းဖို့သဘောတူမယ်ဆိုရင်  မြောက်ကိုရီးယားစီးပွားရေးပြန်လည်ထူထောင်ရာမှာ ကူညီပေးသွား မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ် ပွန်ပီယိုက မေလ(၁၁)ရက်မှာ ပြောပါတယ်။ အမေရိကန်ရဲ့မိတ်ဖက်တောင်ကိုရီး ယားနိုင်ငံနဲ့တန်းတူ စီးပွားရေးအဆင်ပြေတဲ့နိုင်ငံဖြစ်အောင် မြောက်ကိုရီးယားနဲ့ တွဲဖက်အလုပ်လုပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။ ပွန်ပီယိုနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအန်တို့ မြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံယမ်းမှာ မေလ(၉) ရက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ(၁၁)ရက်က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကန် ကျွန်းဟွာနဲ့ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်မှာတွေ့ဆုံခဲ့ပြီးနောက် ပြောခဲ့တာပါ။

ဒါပေမဲ့ နျူကလီးယာဖျက်သိမ်းခဲ့ခြင်းရှိ၊ မရှိကို အမေရိကန်နဲ့ တခြားနိုင်ငံ တွေက အသေးစိတ်စစ်ဆေးသွားမယ်လို့ ပွန်ပီယိုကပြောခဲ့ပါတယ်။ ပွန်ပီယို ပြုံယမ်းကိုရောက်ရှိစဉ်မှာ မြောက်ကိုရီးယား နိုင်ငံက ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား(၃)ဦးကို မြောက်ကိုရီးယားနိုင်ငံကပြန်လွှတ်ပေးခဲ့ပြီးနောက် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို လာမယ့်ဇွန်လ(၁၂)ရက်၊ စင်ကာပူနိုင်ငံမှာကျင်းပမယ်လို့ အမေရိကန်သမ်္မတဒေါ်နယ် ထရမ့်က ကြေညာခဲ့ပါတယ်။ လူဦးရေ(၂၅.၄)သန်းရှိတဲ့မြောက်ကိုရီးယားနိုင်ငံဟာ နှစ်စဉ်စုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး အ မေရိကန်ဒေါ်လာသန်း(၂၀၀၀)အောက်ပဲရှိပါတယ်။ 

 

 

Related News