ထိုင်းနိုင်ငံ၊ တက်ခရိုင်က နယ်စပ်ရွာ(၁)ရွာမှာ မြန်မာနိုင်ငံကနေ တရားမ၀င်ရွှေ့ပြောင်း နေထိုင်လာတဲ့ လူ(၁၀၀)ဦးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ ထိုင်းရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးရဲတွေနဲ့ စစ်တပ်အရာရှိတွေပါဝင်တဲ့ လုံခြုံရေးလုပ်ငန်းစဉ်အရ မေလ(၁၁) ရက်က မဲဆောက်မြို့မှာရှိတဲ့ တာအာ့ရွာကို ၀င်စီးခဲ့ရာမှာ ဖမ်းမိခဲ့တာပါ။ အာဏာပိုင်တွေရောက်လာချိန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေက ရွက်ဖျင်တဲတွေကနေ ထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။ ဖမ်းမိခဲ့တဲ့လူ(၂၀)ဦးမှာ သက်သေအ ထောက်အထားတွေ ပါဝင်ပေမဲ့ နောက်ထပ်(၈၇)ဦးမှာတော့ သက်သေခိုင်ခိုင်လုံလုံမရှိခဲ့ပါဘူး။ ဖမ်းမိထားသူတွေကို ထိုင်းနိုင် ငံတွင်းတရားမ၀င်ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားပြီး ပြည်နှင်ဒဏ်ပေးခံရဖွယ်ရှိပါတယ်။ မှုခင်းဖြစ်ရပ်တွေကို ကာကွယ်ဖို့နဲ့ နယ်စပ်လုံခြုံရေးတိုးမြှင့်စေဖို့ ဆောင်ရွက်နေတာ တွေရဲ့ တစိတ်တပိုင်းအနေနဲ့ အခုလိုစီးနင်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ဘက်ကပြောပါတယ်။ 

 

 

Related News