(၂၀၁၇-၁၈)ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လက်ရှိပွဲစဉ်(၃၇)အပြီးမှာ အသင်းတိုင်းရဲ့ မျှော် လင့်ချက်အသီးသီးပြီးဆုံးမှုနဲ့အတူ ရာသီပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မန်စီးတီးအသင်းရဲ့စောစီးစွာချန်ပီယံဖြစ်မှုနဲ့ အတူ ချန်ပီယံ ဆုလုပွဲပြီးဆုံးခဲ့ပေမယ့် ပွဲစဉ်(၃၁)နဲ့ ပွဲစဉ်(၃၅)ရဲ့ လက်ကျန်ပွဲစဉ်တွေမတိုင်မီအထိ ဥရောပ၀င်ခွင့်၊ တန်းဆင်း ဇုန်မှရုန်းထွက်ရမယ့်အသင်းတွေရဲ့မျှော်လင့်ချက်တွေနဲ့အတူ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲအဖြစ် ဆက်ရှိနေခဲ့ ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ်(၃၁)နဲ့(၃၅)ရဲ့လက်ကျန်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားပြီးချိန်မှာတော့ ဥရောပ၀င် ခွင့်တစ်နေရာသေချာမယ့်အသင်းတွေနဲ့ တန်းဆင်းရမယ့်အသင်းတွေ ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်(၃၁)ရဲ့ပွဲ ကျန်ပွဲစဉ်(၁)ပွဲဖြစ်တဲ့ ဆွမ်ဆီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ပွဲစဉ်အပြီးမှာ တန်းဆင်းရမယ့်အသင်း(၃) သင်းထွက်ပေါ်ခဲ့သလို ပွဲစဉ်(၃၅)ရဲ့လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ဟတ်ဒါဖီးတောင်းအသင်းနဲ့ပွဲစဉ်ပြီး ဆုံးချိန်မှာလည်း ဥရောပ၀င်ခွင့်တစ်နေရာရရှိခဲ့တဲ့ အသင်းတွေထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။
 
ဆွမ်ဆီးနဲ့ ဆောက်သမ် တန်တို့ပွဲစဉ်မှာ (၁)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်မှာဆက်လက်ရှင်သန်ခွင့်ရရှိခဲ့ ပေမယ့် ရှုံးပွဲတွေခဲ့တဲ့ ဆွမ်ဆီးအပါအ၀င်၊ ၀က်စ်ဘရွန်း၊ စတုတ်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ကိုလက်ပြခဲ့ရပါ တယ်။ချယ်ဆီးနဲ့ ဟတ်ဒါဖီးတောင်းအသင်းတို့ပွဲစဉ်မှာ (၁)ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဟတ်ဒါဖီးတောင်းအ သင်း ပရီးမီးယားလိဂ်မှာဆက်လက်ကျန်ရှိမှာဖြစ်ပေမယ့် ချယ်ဆီးအသင်းကတော့ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လုနီးပါးအခြေနေကိုရောက်ရှိခဲ့ရပါတယ်။ လာမယ့်နှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယား လိဂ်ပြိုင်ပွဲမှ မန်စီးတီး၊ မန်ယူ၊ စပါးတို့တိုက်ရိုက်ဝင်ခွင့်ရရှိထားပြီး အဆင့်(၄)နေရာမှ လီဗာပူးအသင်းကတော့ ပွဲစဉ် (၃၈) မှဘရိုက်တန်နဲ့ပွဲစဉ်မှာ ရမှတ်(၁)မှတ်ရယူနိုင်ခဲ့မည်ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲကိုတိုက်ရိုက်ဝင်ခွင့်ရ ရှိမှာဖြစ်သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဗိုလ်စွဲနိုင်ခဲ့မည်ဆိုပါကလည်း တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
 
 

Related News