ပြီးခဲ့တဲ့ရက်ပေါင်း (၄၀)လောက်အတွင်းမှာ ဒုတိယအကြိမ်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တရုတ်နိုင်ငံကိုသွားရောက်ခဲ့တယ် ဆိုပြီး နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့တယ်လို့ မေလ (၈)ရက်မှာ နှစ်နိုင်ငံရဲ့နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းဖော်ပြခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရက်(၄၀)လောက်အတွင်း ခေါင်းဆောင် (၂)ဦးရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံပါဝင်ပတ်သက်နေတဲ့အဓိကကိစ္စရပ်တွေကို သမ္မတ ရှီနဲ့ခေါင်းဆောင်ကင်မ်တို့က မေလ(၇)ရက်နဲ့(၈)ရက်(၂)ရက်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံ၊ ဒါလီယန်မြို့ကနေသ တင်းပေးပို့တယ်ဆိုပြီး တရုတ်နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနနဲ့ မြောက်ကိုရီးယားနိုင်ငံပိုင် CNA သတင်းဌာနတို့က သတင်းဖော်ပြပါ တယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကကျင်းပနိုင်ခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံမှာဆွေးနွေးခဲ့တာတွေ၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ငြိမ်းချမ်းရေးမြှင့်တင်ရေးတို့ကို ခေါင်းဆောင်ကင်မ်က သမ္မတရှီကို ရှင်းပြခဲ့တယ်လို့ ရှင်ဟွာသတင်းမှာပါဝင်ပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ ခေါင်းဆောင်(၂)ဦးတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ်ကအခြေအနေတွေက တိုးတက်လာတယ်လို့ ခေါင်းဆောင်ကင်မ်ကပြောခဲ့ပါတယ်။ ခေါင်းဆောင်ကင်မ်ရဲ့ ခရီးစဉ်မှာ သူ့ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန်းနဲ့ မြောက်ကိုရီးယားနိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ ရီစူယွန်းတို့လည်း ပါဝင်ခဲ့ပါတယ်။ 

 

 

Related News