ပြီးခဲ့တဲ့ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံကာလက ပန်မွန်ဂျွန်းကျေးရွာမှာ မိုဘိုင်းဖုန်းသုံးစွဲဖို့ မြောက်ကိုရီးယားကအဆိုပြုပြီး နောက်ပိုင်း မြောက်ကိုရီးယားက တယ်လီဖုန်း ဆက်သွယ်ရေး နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှုမြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် စမတ် ဖုန်းသုံးစွဲမှုလည်း မြင့်တက်ခဲ့ပါတယ်။ မြောက်ကိုရီးယားမှာအသုံးများတဲ့စမတ်ဖုန်းမော်ဒယ်လ်တွေက တောင်ကိုရီးယား မှာ သုံးတဲ့စမတ်ဖုန်းတွေနဲ့တူပေမဲ့ မြောက်ကိုရီးယားဖုန်းတွေမှာတော့ ကြိုးမဲ့အင်တာနက် (၀ိုင်ဖိုင်)စနစ်သုံးလို့မရပါဘူး။ မြောက်ကိုရီးယား တယ်လီဖုန်းအသုံးပြုသူတွေက အင်တာနက်သုံးလို့ မရတာကြောင့် သူတို့က အွန်လိုင်းဂိမ်းတွေ Download လုပ်လို့မရပါဘူး။

ဒါ့အပြင် ဖုန်းပေါ်က အက်ပလီကေးရှင်း တွေရဲ့နာမည်တွေကလည်း မြောက်ကိုရီးယား ဒေသသုံး ဘာသာစကားကို အခြေခံထားပါ တယ်။ တချို့နာမည်တွေက မြောက်ကိုရီးယား နိုင်ငံရေးစနစ်ကို ထင်ဟပ်စေပေမဲ့ ဗီဒီယိုရိုက်တာလိုတခြားလုပ်ဆောင်မှုတွေမှာတော့ တောင်ကိုရီးယား ဖုန်းတွေနဲ့ ခြားနားမှုမရှိပါဘူး။မြောက်ကိုရီးယားနိုင်ငံမှာ မိုဘိုင်းဖုန်းတွေသုံးတာများလာတာကကိုရီးယား(၂)နိုင်ငံထိပ်သီး ညီလာခံအပြီးမှာ ပြည့်စုံတဲ့နိုင်ငံဖြစ်လာရေးကြိုးပမ်းမှုတွေထဲမှာ ပါဝင်နေပါတယ်။

 

 

Related News