အာရုံကြောအဆိပ်သင့်ခဲ့တဲ့ ရုရှားစပိုင်ဟောင်းဆာဂေး စကရီပယ်ရဲ့သမီး ယူလီယာ စကရီပယ်က ရုရှားသံရုံးအကူအညီကို လတ်တလောငြင်းပယ်လိုက်ပါတယ်။ ဧပြီလ(၉)ရက်မှာ ယူလီယာစကရီပယ် ဆေးရုံကဆင်းခဲ့ပြီးနောက် အခုငြင်းပယ်ခဲ့တာပါ။ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ပြန်ဖြေနိုင်လောက်အောင်အထိ မကျန်းမာသေးသလို သူနဲ့သူ့ရဲ့အဖေအတွက် လူ(၁)ဦးကမှ ဆုတောင်းပေးခဲ့တာမျိုးမရှိခဲ့ဘူးလို့ ယူလီယာကပြောခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဟူလီယာဆေးရုံကဆင်းခဲ့ပြီးနောက် သူ့ရဲ့ကိုယ်ပိုင်သဘောနဲ့ ပြောတဲ့ သူ့တို့သားအဖဘာဖြစ်ခဲ့သလိုဆိုတဲ့ အရေးတကြီးသက်သေတွေကို လိုအပ်နေတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာရုရှားသံရုံးက တွစ်တာမှာပြောခဲ့ပါတယ်။ သူတို့သားအဖရဲ့ဖြစ်ခဲ့တာတွေ နဲ့ပတ်သက်ပြီးစုံစမ်းမှုတွေလုပ်နေတယ်ဆိုတာကို သိခဲ့ရသလို မိသားစုတွေနဲ့မိတ်ဆွေတွေကို ဆက်သွယ်နိုင်ပြီး သူတို့တတ်နိုင် တဲ့အကူအညီတွေပေးဖို့ပြောနေတဲ့ ရုရှားသံရုံးနဲ့လည်း အဆက်အသွယ်ရခဲ့တယ်လို့ ယူလီယာကပြောပါတယ်။ လတ်တလောတော့ သူတို့ရဲ့အကူအညီကို မလိုသေးပေမဲ့ လိုအပ်လာရင် ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို သိတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ(၄)ရက်က ဆာလ်ဘယ်ရီမြို့မှာ စကရီပယ်သားအဖလဲကျနေတာကိုတွေ့ခဲ့ရပြီးနောက် ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ သူတို့ဟာအာရုံကြောအဆိပ်သင့်ခဲ့တယ်လို့ ဗြိတိန်ဘက်က ပြောထားပါတယ်။ ဆာဂေးစကရီပယ်ဟာလည်း သက်သာလာပြီလို့ သိရပါတယ်။  

 

 

Related News