ယီမင်နိုင်ငံက ဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းတပ်ဖွဲ့တွေအတွက် လက်နက်ရောင်းချတာကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ ရွန် ကခုခံပြောဆိုခဲ့ပြီး ယီမင်ကလူသားချင်းစာနာထောက်
ထားမှုအခြေအနေကိုစိုးရိမ်တာကြောင့် အခုနှစ်အတွင်း ညီလာခံ(၁)ခု ဦးဆောင်ကျင်းပသွားမယ်လို့ ပြောခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပေးထားပြီး ယီမင်နိုင်ငံမြောက်ပိုင်းနဲ့ မြို့တော်ဆာနာ ကိုထိန်းချုပ်ထားတဲ့ ဟူသီခွဲထွက်ရေးသမားကို ပူးပေါင်း တိုက်ခိုက်နေတဲ့ ဆော်ဒီနဲ့ယူအေအီးနိုင်ငံတို့ကို လက်နက်တွေရောင်းချ နေတဲ့အတွက် ပြင်သစ်နိုင်ငံကို ဖိအားပေးတာတွေရှိနေပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ(၁)သောင်းကျော်သေဆုံးခဲ့ပြီး လူ(၃)သန်းကျော်ရွှေ့ပြောင်းဒုက္ခသည်တွေဖြစ်နေပေမဲ့ ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ သံတမန် ဆက်ဆံရေးတိုးတက်လာအောင် လုပ်နေတာမျိုးတွေမရှိသေးပါဘူး။

ဆော်ဒီနဲ့ယူအေအီးနိုင်ငံတို့ကို ပြင်သစ်နိုင်ငံကနေ လက်နက်ရောင်းချမှုဆိုင်းငံထားဖို့ ပြင်သစ် နိုင်ငံသား(၇၅)ရာခိုင်နှုန်းက လိုလားနေတယ်ဆိုပြီး စစ်တမ်းကောက်ယူမှုတွေအရသိရပါတယ်။ ပြင်သစ်အစိုးရက လက်နက် ဆက်ရောင်းနေမယ်ဆိုရင် အရေးယူခံရမှာတွေရှိလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။ ယီမင်ပဋိပက္ခစတင်ကတည်းက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေတွေနဲ့ အရပ်သားဦးရေကိုမထိခိုက်စေတဲ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လက်နက်တွေကိုသာရောင်းချခဲ့တယ်လို့ ပြင်သစ်သမ္မတမက်ခရွန် ကပြောပါတယ်။ 

 

 

Related News