ဗီယက်နမ် နိုင်ငံကနေ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေတင်ပို့ရာကနေ ၀င်ငွေမြင့်တက်နေပြီး ပုဂ္ဂလိကကုမ်္ပဏီတွေအနေနဲ့ အမြတ်အစွန်းတွေပိုရနေပါတယ်။ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံချန်သူးကုမ္ပဏီရဲ့ဝင်ငွေကို ယခင်နှစ်နဲ့နှိုင်းယှဉ်ကြည့်တဲ့အခါ ယခုနှစ်မှာ (၁၅)ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ပထမအသုတ်မှာတင် အမေရိကန်ဒေါ်လာ(၃)သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ သစ်သီးဝလံတွေကို ဈေးကွက်ထဲမှာ ဈေးအသင့်အတင့်နဲ့ ရောင်းချတာကြောင့်လည်း အခုလိုရောင်းအားတွေ မြင့်တက်လာတာလို့ ကုမ္ပဏီရဲ့လက်ထောက်အတွင်းရေးမှူးကပြောခဲ့ပါတယ်။ ကြက်မောက်သီးတွေကိုတင်သွင်းတဲ့အခါမှာ ရာသီချိန်မဟုတ်တာကြောင့် အမေရိကန်ဈေးကွက်အတွင်းကိုတင်ပို့ဖို့မလုံလောက်ဘူးလို့ သိရပါတယ်။ 

ဒါပေမယ့် ကြက်မောက် သီးတွေရဲ့ဈေးနှုန်းကတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ထုတ်ကုန်အရည်အသွေးတိုးတက်လာဟာ ဈေးကွက်ရဲ့နောက်ကွယ်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်တာက အဓိကအားသာချက်ဖြစ်ပြီးသန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထုတ်လုပ်နိုင်အောင် စိုက်ပျိုးမြေတွေကိုဝယ်ယူဖို့ ဦးစားပေးစီမံကိန်းတွေရေးဆွဲနေတယ်လို့ သိရပါတယ်။ တီရန်ဂျန်ပြည်နယ်ကို စည်းမျဉ်းစည်းကမ်းတွေ၊ နည်းပညာတွေနဲ့ ပြန်လည်တည်ဆောက်နိုင်အောင် လယ်သမားတွေကို ထောက်ပံ့ပေးနေတယ်လို့ ပြည်သူ့ကော်မတီရဲ့ဒုဥက္ကဌ လီဘန်နီရာ ကပြောပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးအမျိုးအစားပေါင်း (၄၀)ကျော်ကိုအလွန်ဝေးကွာတဲ့နယ်မြေများနဲ့  နိုင်ငံပေါင်း (၆၀)ကို တင်ပို့လျက်ရှိပြီး ၂၀၁၇ခုနှစ်မှာ ချန်သူးကုမ်္ပဏီရဲ့ဝင်ငွေဟာအမေရိကန်ဒေါ်လာ (၃.၅)သန်းကျော်ရရှိခဲ့ပါတယ်။ ယခု ၂၀၁၈ခုနှစ်မှာ ဗီယက်နမ်နိုင်ငံရဲ့ထုတ်ကုန်များအတွက် ကြီးမားတဲ့နှစ်တစ်နှစ်ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့လဲသိရပါတယ်။ 

 

 

Related News