ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာ ဂျပန်ဝန်ကြီးဟောင်း(၁)ဦးရဲ့ စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ဖို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ နဲ့ ယင်လပ် ရှင်နာဝပ်ထရာ တို့လာရောက်ခဲ့တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာ ကငြင်းဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ပုဂ်္ဂိုလ်ရေးကိစ်္စရပ်ဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရကလုပ်သင့် တာတွေလုပ်နေတယ်လို့ ပရာရွတ်ကပြောပါတယ်။ ဂျပန်အစိုးရဆီကနေ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးစုံစမ်းဖို့ ဌာနရဲ့အမြဲတမ်းအတွင်းဝန်ကို ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွတ်ဝီနိုင်း ကပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း(၂)ဦးကို ဖိတ်ကြား ခဲ့တာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရဘက်ကအရေးယူလို့မရဘူးဆိုတာ ၀န်ကြီးချုပ် ပရာရွတ်ကို ရှင်းပြခဲ့တယ်လို့ ၀န်ကြီးဒွန် ကပြောပါတယ်။ ဂေါ့ဖ်ရိုက်တဲ့အကြောင်းစာအုပ်ရေးထားတဲ့ ဂျပန်ဝန်ကြီးဟောင်းက ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်လပ်တို့ ရဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သူတို့ရဲ့ယာယီနေထိုင်ခွင့်နဲ့ပတ်သက်ပြီး ပွဲစီစဉ်သူတွေက စီစဉ်ပေးခဲ့ပုံရတယ်လို့ ၀န်ကြီးဒွန်ကပြောပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ပုဂ္ဂလိကကဏ္ဍကနေ နေထိုင်ခွင့်လျှောက်ထား သူတွေကို ငြင်းဆန်ဖို့ခက်ခဲနိုင် တယ်လို့လည်း ပြောခဲ့ပါတယ်။ 

 

 

Related News