အမေရိကန်နိုင်ငံကိုတင်သွင်းနေတဲ့ တရုတ်ကုန်ပစ္စည်းအမျိုး(၁၃၀၀)လောက်ကို အခွန်(၂၅)ရာခိုင်နှုန်းတိုးကောက်သွားဖို့ စီစဉ် နေတယ်လို့ အမေရိကန်ဘက်က ဧပြီလ(၃)ရက်မှာပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက ဥာဏပစ္စည်းဆိုင်ရာအခွင့်အရေးတွေကိုမမျှတအောင်လုပ်ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ အခွန်တိုးကောက်ဖို့စီစဉ်ခဲ့တာလို့ အမေရိကန်အိမ်ဖြူတော်ကပြောပါတယ်။ အခွန် တိုးကောက်မယ့်ပစ္စည်းတွေထဲ ဆေးပစ္စည်းတွေ၊ တီဗွီတွေနဲ့ ဆိုင်ကယ်တွေလည်းပါဝင်နေပါတယ်။ ဒီလုပ်ရပ်ကြောင့် တရုတ် ဘက်က တုံ့ပြန်မှုတွေပြုလုပ်လာနိုင်သလို အမေရိကန်နိုင်ငံသားတွေအတွက် ကုန်ဈေးနှုန်းတွေကြီးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ သံမဏိနဲ့ဒန်တွေကို အခွန်တိုးကောက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သဘောတူခဲ့လို့ တရုတ်နိုင်ငံကိုတင်သွင်းနေတဲ့ အမေရိကန်ကုန်ပစ္စည်း(၁၂၈)မျိုး၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း(၃၀၀၀)လောက် အခွန်တိုးကောက်မယ်လို့ တရုတ်ဘက်က တုံ့ပြန်ခဲ့ပြီးနောက် အမေရိကန် ဘက်က အခုလိုတုံ့ပြန်ခဲ့တာပါ။ ဧပြီလ(၃)ရက်မှာ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့တဲ့ တရုတ်သွင်းကုန်တွေတန်ဖိုးက နှစ်စဉ်အ မေရိကန်ဒေါ်လာဘီလီယံ(၅၀)လောက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံကိုတင်သွင်းခဲ့တဲ့ တရုတ်ကုန်ပစ္စည်းတွေတန်ဖိုး စုစုပေါင်းက ဒေါ်လာ(၅၀၆)ဘီလီယံလောက်ရှိပါတယ်။ အမေရိကန်ရဲ့စွပ်စွဲမှုတွေက အခြေအမြစ်မရှိဘဲ အမေရိကန်ဟာ ကိုယ့်ကျိုးကိုသာကြည့်တဲ့အပြင် တရုတ်နိုင်ငံနဲ့ညှိနှိုင်းထားတာတွေကို လျစ်လျူရှုခဲ့တယ်လို့ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနပြောခွင့်ရှိသူက ဧပြီလ(၄)ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။ 

 

 

Related News