ဧပြီလ(၂)ရက်က စပိန်နိုင်ငံမြို့တော် မက်ထရစ်မြို့ရဲ့ အရှေ့တောင်ဘက်မိုင်(၁၈၀)လောက် အကွာမှာ ဆင်(၅)ကောင်ကိုတင် လာတဲ့ ထရပ်ကား(၁)စီး မှောက်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ ဆင်(၁)ကောင်သေဆုံးခဲ့ပြီး နောက်ထပ်ဆင်(၂)ကောင် ဒဏ်ရာရခဲ့ပါတယ်။ ဆင်(၅)ကောင်စလုံးက ဆပ်ကပ်ပြရာမှာသုံးတဲ့ဆင်တွေဖြစ်ပြီး သူတို့ကို တင်လာတဲ့ကားက လမ်းချော်ခဲ့ပြီးမှောက် ခဲ့တာလို့ ယူရိုနယူးစ်သတင်းဌာနကသတင်းဖော်ပြပါတယ်။ ယာဉ်မောင်းဖြစ်သူကတော့ ဒဏ်ရာမရခဲ့ဘူးလို့သိရပါတယ်။ အသက် ရှင်ကျန်ခဲ့တဲ့ဆင်တွေက အပျက်အစီးတွေကြားထဲက ထွက်လာနိုင်ခဲ့ပြီး အဲဒီနေရာပတ်ဝန်းကျင်မှာ လှည့်လည်သွားလာခဲ့ကြတယ်လို့ စပိန်မီဒီယာတွေကသတင်းဖော်ပြပါတယ်။ အရေးပေါ်ဌာနနဲ့ တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူတွေက ဆင်တွေကို ကယ်တင်ရေးကြိုးပမ်းခဲ့ကြလို့ အီစတာပွဲတော်အားလပ်ရက်မှာ ယာဉ်အသွားအလာများတဲ့ အဲဒီလမ်းကို ပိတ်ခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ ဆင်တွေကို နောက်ထပ်ထရပ်ကား(၁)စီးနဲ့သယ်ပြီး အဲဒီနေရာကနေဖယ်ခဲ့ပါတယ်။ 

 

 

Related News