ဧပြီလ(၂)ရက်၊ မနက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ပထမဆုံးအာကာသဓာတ်ခွဲခန်းတီယန်ဂွန်း(၁)က ကမ္ဘာလေထုထဲပြန်ဝင်လာခဲ့ပြီး အပျက်အစီးနဲ့ပတ်သက်လို့ မသိရသေးဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရှိသူက ဧပြီလ(၂)ရက်ကပြုလုပ်တဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ တီယန်ဂွန်း(၁)ကမ္ဘာပေါ် ပြန်ကျလာတာကို တရုတ်နိုင်ငံ ဘက်က အရေးကြီးကိစ္စအနေနဲ့သတ်မှတ်ထားပြီး ဒီအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့စည်းမျဉ်းတွေအတိုင်း တာဝန်ယူသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရှိသူဂျန်ရွှမ်းကပြောပါတယ်။
 
တီယန်ဂွန်း(၁)နဲ့ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိတယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကုလသမဂ္ဂအာကာသရေးရာရုံး(UNOOSA)ကို အကြိမ်ကြိမ်အကြောင်းကြားခဲ့တယ်လို့ လည်းပြောပါတယ်။ တီယန်ဂွန်း(၁)က တောင်ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းကိုပျက်ကျခဲ့ပြီး အစိတ်အပိုင်းတော်တော်များများက လေထုထဲမှာတင်လောင်ကျွမ်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ်မှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ဂျူပီတာဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေတီယန်ဂွန်း(၁)ကိုလွှတ်တင်ခဲ့ပြီး အာကာသယာဉ်တွေကြား ရပ်နားမှုဆိုင်ရာနည်းပညာတွေကို အဲဒီဓာတ်ခွဲခန်းမှာ လေ့လာခဲ့ပါတယ်။ လူလိုက်ပါနိုင်တဲ့ တီယန်ဂွန်း(၁)ကို အမျိုးသမီးအာကာသယာဉ်မှူး (၂)ဦးအပါအ၀င် အာကာသယာဉ်မှူး(၆)ဦး လာရောက်ခဲ့ဖူးပါတယ်။ 
 
 
 

Related News