တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ဇနီးဖြစ်ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါ ၀င်ခဲ့တဲ့ဝင်နီ မက်ဒီကီဇဲလာ မန်ဒဲလားဟာ ဧပြီလ(၂)ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၀င်နီဟာ အသက်(၈၁)နှစ်ရှိ နေပါပြီ။ အခုနှစ်စကတည်းက နာတာရှည်ရောဂါကြောင့် ၀င်နီဟာ ဆေးရုံမှာကုသမှုခံနေရပြီး ဧပြီလ(၂)ရက်နေ့လည်ပိုင်းမှာမိ သားစုတွေနဲ့အတူရှိနေရာက သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုရဲ့ပြောခွင့်ရသူဗစ်တာ ဒီလာမီနီက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ဆယ်စုနှစ်(၃)ခုကျော်ကြာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ မန်ဒဲလားဇနီးမောင်နှံဟာ ထောင်ကျခံခဲ့ရပြီး နိုင်ငံရဲ့လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးသင်္ကေတ(၁)ခုအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အနည်း ငယ်အတွင်း ၀င်နီရဲ့ဂုဏ်သတင်းဟာ နိုင်ငံရေးအရရော၊ တရားရေးအရရော ထိခိုက်ခဲ့ပါတယ်။ သူမသေဆုံးတယ်ဆိုတဲ့ သတင်းကြောင့် သူ့ရဲ့မွေးရပ်ဖြစ်တဲ့စိုဝီတိုမှာ နိုင်ငံရေးအရထင်ရှားသူတွေနဲ့ နိုင်ငံသားတွေက ၀မ်းနည်းကြောင်းပြောခဲ့ကြပါတယ်။ ၀င်နီမန်ဒဲလားကို (၁၉၃၆)ခုနှစ်က တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းက ထရန်စကီမှာမွေးခဲ့တာပါ။  

 

 

Related News