ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံမှသံပြိုင်တေးသီဆိုတဲ့ကလေးများအဖွဲ့ဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်မှာ ဖျော်ဖြေပွဲတစ်ခုကျင်းပခဲ့တယ်လို့သိရပါတယ်။ ယခုနှစ်ရဲ့ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးစာချုပ် နှစ်(၄၀) ပြည့်လက်မှတ်ရေးထိုးပွဲ အထိမ်းအမှတ်အနေနဲ့ ချစ်ကြည်ရေးတေးသီချင်းများသီဆိုပေးခဲ့ကြပြီး အဲ့ဒီပွဲကျင်းပနိုင်ရေးကိုတော့ တရုတ်နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတစ်ခုကစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲကို တက်ရောက်ဖို့ အတွက် ဂျပန်နိုင်ငံNHKကူမာမိုတို သံပြိုင်တေးသီဆိုတဲ့အဖွဲမှ အသက် (၇)နှစ်နဲ့ (၁၇)နှစ်အရွယ် ကလေးအယောက်(၄၀)ကိုဖိတ်ကြားခဲ့ပါတယ်။ သံပြိုင်တေးသီဆိုတဲ့ ကလေးအယောက်(၁၀၀)ကတော့ တရုတ်နိုင်ငံရဲ့ ဒေသခံများဖြစ်ပြီး ဂျပန်ဖျော်ဖြေရေးအဖွဲ့မှကလေးငယ်များနဲ့အတူ စင်မြင့်ပေါ်မှာ ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
 
ကလေးတွေဟာ နှစ်နိုင်ငံစလုံးရဲ့ ချစ်ကြည်ရေးသီချင်းတွေကိုသီဆိုခဲ့ကြပြီး ရှန်ဟိုင်းမှာ မွေးဖွားခဲ့တဲ့ အဆိုတော်အမင်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ စပ်လျဉ်းတဲ့သီချင်းတစ်ပုဒ်ကို ကလေးတွေနဲ့ အတူဖျော်ဖြေပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဖျော်ဖြေရေး အဖွဲ့မှကျောင်းသူ တစ်ဦးကတော့ နောင်အနာဂတ်မှာ ဂျပန်နိုင်ငံကိုသူမသွားရောက်လည်ပတ်တဲ့အခါ ယခုလာရောက် ဖျော်ဖြေခဲ့တဲ့ ဂျပန်နိုင်ငံ ရဲ့အဖွဲ့ဝင်တွေနဲ့ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်လို့ပြောခဲ့ပါတယ်။ (NHK)ရဲ့ဖျော်ဖြေရေး အဖွဲ့ဝင်တစ်ဦးကတော့   လူတိုင်း ခင်မင်ရင်းနှီးစွာနေထိုင်ဖို့ပြောခဲ့ပြီး ဒီဖျော်ဖြေပွဲကိုနှစ်သက်တယ်လို့ သူမကပြောပါတယ်။ 
 
 
 

Related News