တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမယ်ဆိုရင် ဒါဟာအဖြေမှန်(၁)ခု မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကပြောပါတယ်။ တရုတ်နိုင်ငံဟာ ခေတ်မီတိုးတက်ရေးလမ်းစဉ်ကျင့်သုံးနေပြီး နိုင်ငံတကာရေးရာကိစ်္စရပ်တွေမှာ အမေရိကန်ရဲ့အခန်းကဏ္ဍကို အစားထိုးဖို့မလိုအပ်သလို ရည်ရွယ်ထားတာမျိုးလည်းမရှိတဲ့အပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲဟာလည်း အဖြေမှန်မဟုတ် ဘူးလို့ ၀မ်ယီကပြောပါတယ်။
 
ဒီနေ့မတ်လ(၈)ရက်မှာပြုလုပ်တဲ့ (၁၃)ကြိမ်မြောက်တရုတ်နိုင်ငံအမျိုးသားပြည်သူ့ညီလာခံရဲ့ပထ မပုံမှန်အစည်းအဝေးဆိုင်ရာကြားဖြတ်သတင်းစာရှင်းလင်းပွဲမှာ ၀မ်ယီကပြောခဲ့တာပါ။ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာဖို့ရွေးချယ်လိုက် မယ်ဆိုရင် နိုင်ငံချင်းဆက်ဆံနေရတဲ့ဒီနေ့ခေတ်မှာ (၂)ဖက်စလုံးထိခိုက်နစ်နာမယ့်ရွေးချယ်မှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဟာမျှတ ပြီးလိုအပ်တဲ့တုံ့ပြန်မှုတွေကိုသာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ၀မ်ယီက ပြောပါတယ်။ 
 
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့အမေရိကန်တို့ရဲ့အကျိုးစီးပွားက ပူးတွဲရှိနေပြီး (၂)နိုင်ငံစလုံးဟာ နိုင်ငံသားတွေရဲ့ကောင်းကျိုးအတွက်သာမက ကမ္ဘာ့ကောင်းကျိုးအတွက်လည်း တာဝန်ရှိနေတဲ့အတွက် (၂)နိုင်ငံစလုံးဟာ တည်တည်ငြိမ်ငြိမ်နဲ့ အပြုသဘောဆောင်ပြီး ညီမျှတဲ့ဆွေးနွေးမှု ကနေ အားလုံးအကျိုးရှိတဲ့အဖြေ(၁)ခုထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
 
ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ကိုတင်သွင်းတဲ့သံမဏိနဲ့ ဒန်တွေကို အခွန်တိုးကောက်သွား မယ်လို့ပြောခဲ့ပြီးနောက် သမ္မတထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်နေခဲ့ကြတဲ့အပြင် တုံ့ပြန်မှုတွေပြုလုပ်သွားမယ်လို့ ဥရောပသမဂ္ဂအဖွဲ့အပါအ၀င် နိုင်ငံတချို့ကပြောခဲ့တာကြောင့် တရုတ်နဲ့အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်တယ် ဆိုပြီး သတင်းတွေထွက် ပေါ်နေပါတယ်။ 
 
 
 
 
 
 

Related News