တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေးပုဂ်္ဂိုလ်ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကို မတ်လ(၅)ရက်မှာရောက်ရှိခဲ့ပြီး (၂)နိုင်ငံအရေးနဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အချက်တွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ်္ဂိုလ် ချောင်အွီယွန်းကဦးဆောင်ပြီး တောင်ကိုရီးယားအမျိုးသားထောက် လှမ်းရေးဌာနအကြီးအကဲ ဆီယိုဟူး၊ ပေါင်းစည်းရေးဒုတိယ၀န်ကြီး ချွန်ဟေဆောင်း၊ အကြီးတန်းအမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ဆန်ကျွန်းနဲ့ တောင်ကိုရီးယားသမ္မတအိမ်တော်ပြောခွင့်ရှိသူ ယန်ကွန်ယွန်းတို့ပါဝင်တဲ့ အထူးသံတမန်အဖွဲ့ (၁)ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကို  မတ်လ(၅)ရက်နေ့လည်ပိုင်းမှာရောက်ရှိခဲ့ကြပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ မြောက် ကိုရီးယားနိုင်ငံမှာ(၂)ရက်ကြာနေထိုင်မှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့နဲ့ ကိုရီးယား(၂)နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ဖို့ မြောက်ကိုရီးယားထိပ်သီးအရာရှိတွေနဲ့တွေ့ဆုံမှာဖြစ်တယ်လို့ ယန်ကွန်ယွန်းကပြောပါတယ်။ မြောက်ကိုရီး ယားနဲ့အမေရိကန်(၂)နိုင်ငံတွေ့ဆုံပြီး ဘယ်အချက်တွေဆွေးနွေးမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့လည်း ဆွေးနွေးသွားမှာဖြစ် တယ်လို့သိရပါတယ်။ ပြုံချမ်းအိုလံပစ်ကာလမှာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညီမ ကင်ယိုဂျွန်းလာရောက်ခဲ့တဲ့အ တွက် အခုအထူးကိုယ်စားလှယ်တွေစေလွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်ကသတင်းထုတ်ပြန်ပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်မှာ ခေါင်းဆောင်ကင်နဲ့တွေ့ခဲ့မယ်ဆိုရင် တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်ရဲ့သ၀ဏ်လွှာကို ပေးသွားမှာဖြစ်ပြီး ကိုရီးယား(၂)နိုင်ငံကြားထိပ်သီညီလာခံကျင်းပနိုင်ရေးအတွက် ဆွေးနွေးဖွယ်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေပြန်လာရင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ချောင်နဲ့ ထောက်လှမ်းရေးအကြီး အကဲ ဆီတို့ဟာ အမေရိကန်နိုင်ငံကိုသွားရောက်ပြီး ခရီးစဉ်ရဲ့ရလဒ်တွေကို ရှင်းလင်းမှာဖြစ်ပါတယ်။ 

 

 

 

Related News