“The Shape of Water” အမည်ရှိရုပ်ရှင်ဇာတ်ကားဖြင့် အော်စကာဆုပေးပွဲတွင် အဓိကထူးချွန်ဆုရရှိရန် တစ်ပြေးနေသောဒါရိုက်တာဂူလာမိုဒယ်တာရိုသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်ဂျူရီအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်းပွဲစီစဉ်သူများကသတင်းထုတ်ပြန်လိုက်သည်ဟုသိရှိရသည်။

ဒါရိုက်တာဒယ်တာရိုသည် ဆွံ့အနေသူသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် ထူးခြားဆန်းပြားသည့်ရေသူထီးတစ်ကောင်တို့အကြောင်းရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သော “The Shape of Water” ဖြင့် ဟောလိဝုဒ်ရုပ်ရှင်လောကတွင် နာမည်ကျော်ကြားလာခဲ့သည်။

အော်စကာစာရင်းထဲတွင် ဆုအများဆုံးအတွက် လျာထားခြင်းခံရသည့် ဇာတ်ကားများဖြစ်ကြသည့် La La Land၊ All about Eve နှင့် Titanic အစရှိသည့် ဒိတ်ဒိတ်ကြဲဇာတ်ကားတို့အားအမှီလိုက်ရန်အတွက် ဆု (၁) ဆုသာလိုတော့သည့် ယင်းဇာတ် ကား “The Shape of Water” သည် ယမန်နှစ်၊ ဗင်းနစ်စ်ရုပ်ရှင်ပွဲတော်၌လည်းရွှေခြေင်္သ့ဆုဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။

ဒါရိုက်တာဒယ်တာရိုသည် စပိန်စကားပြောဇာတ်လမ်းများနှင့် ကုန်ကျစရိတ်များစွာအသုံးပြုလေ့ရှိသည့် ဟောလိ ၀ုဒ်အက်ရှင်ဇာတ်ကားများအား တစ်လှည့်စီရိုက်ကူးခဲ့သည့် ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ နာမည်ကျော်ဇာတ်ကားများစွာအားဖန်တီးခဲ့သူဒယ်တာရိုသည် ၂၀၁၆ ခုနှစ်အတွင်းက ဖြန့်ချိခဲ့သော Pan’s Labyrinth အမည်ရှိရုပ်ရှင်ဇာတ်ကားဖြင့် လည်းအောင်မြင်မှုများစွာသိမ်းပိုက်နိုင်ခဲ့သေးကြောင်းသိရသည်။ 

 

 

Related News