ဘိုတာဆီဗာ နာမည်ဝှက်ပြီး နိုင်ငံခြားသားတွေနဲ့ မလေးရှားနိုင်ငံသားတွေပူးပေါင်းထားကြတဲ့ ဒုစရိုက်တစ်ဖွဲ့ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ မလေးရှားနိုင်ငံမှာ ခိုးမှုကျူးလွန်ခဲ့ပြီး ပါကစ္စတန်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတို့ကို ကုန်တင်ယာဉ်အစိတ်အပိုင်းတွေ တရားမ၀င် ရောင်းချနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အီဂျစ်နိုင်ငံသား တစ်ယောက်စီပါတဲ့ လူ ၅ ယောက်အဖွဲ့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ မလေးရှားငွေ ရင်းဂစ် ၂ သန်းတန်ဖိုးရှိ ခိုးရာပါ ကုန်တင်ကားအစိတ်အပိုင်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

အသက် ၃၃ နှစ်မှ ၄၄ နှစ်ကြားရှိကြတဲ့ သံသယရှိသူနှစ်ဦးကို ဇန်န၀ါရီလ ၂၃ ရက်ကကန်ပေါင်းဘတ်တူး လမ်းအမှတ် ၇ က ဂိုဒေါင်တစ်ခုမှာ အရင်ဖမ်းဆီးရမိခဲ့ပြီးနောက် ကျန်တဲ့သူတွေကို ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ ဆီလန်ဂါးပြည်နယ် ရဲမှူးကြီး မဇ်လန်မန်ဆာ က အတည်ပြုခဲ့ပါတယ်။ ကုန်တင်ကားအစိတ်အပိုင်းတွေ ဖြုတ်ယူနေကြစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ စစ်ဆးမှုအပြီးတစ်ရက်အကြာမှာတော့ ဒုစရိုက်အဖွဲ့ဝင် သုံးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ ကြပါတယ်။ အဲဒီနောက်မှာတော့ စင်္ကာပူရဲတပ်ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ရီပါ့ဘလစ်ဆိပ်ကမ်းမှာ ကွန်တိန်နာတစ်လုံးကို ရှာတွေ့ခဲ့ကြပါတယ်။

ဒီအဖွဲ့ဟာ ကုန်တင်ကားကို ဖြုတ်ယူမယ့် ဂိုဒေါင်ဆီမောင်းမသွားခင် ရေဒီယိုလှိုင်းကြားဖြတ်တဲ့ ကိရိယာကိုသုံးပြီးတော့ အချက်ပေးစနစ်ကို ပိတ်ပစ်ခဲ့ကြလေ့ရှိပြီး အဲဒီနောက်အစိတ်အပိုင်းတွေဖြုတ်ပြီး အရှေ့အလယ်ပိုင်း ဒေသကို တင်ပို့ကြတာပါ။ ဖမ်းမိသူတွေကိုပြစ်မှုဆိုင်ရာဥပဒေ အပိုင်း ၄၁၃နဲ့ စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ငွေဒဏ်ပါ ကျခံရမှာပါ။ လွတ်မြောက်နေဆဲဖြစ်တဲ့ ဒုစရိုက်အဖွဲ့ဝင်နောက် ၇ဦးကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေကြပါတယ်။

 

 

Related News