အမေရိကန် ဒုတိယသမ္မတ Mike Pence သည် အိုလံပစ်အားကစားပွဲဂုဏ်ပြုညစာစားပွဲတွင် မြောက်ကိုရီးယား၏ ပြည်နယ်ခေါင်းဆောင် ကင်ရုံနမ်နှင့် စားပွဲဝိုင်းတစ်ခုတည်းတွင် နေရာချထားခြင်းခံရသဖြင့် ညစာစားပွဲမှ ရှောင်ထွက် ခဲ့ကြောင်းသိရသည်။ Mr Pence သည် မစ္စတာကင်နှင့် မမျှော်လင့်ပဲဆုံတွေ့ခဲ့ရသော်လည်းအချင်းချင်းမျက်နှာချင်းဆိုင်ခြင်းမှ ရှောင်ထွက်ရန် ကြိုးပမ်းခဲ့ကြောင်းYonhapသတင်းဌာနမှ ပြောကြားခဲ့သည်။

ထိုအချိန်တွင် တောင်ကိုရီးယားသမ္မတ Moon Jae-inသည် မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ နှင့် ဆောင်းရာသီအိုလံပစ် အားကစားပွဲဖွင့်ပွဲအခမ်းအနားတွင် လက်ဆွဲနှုတ်ဆက်လျက်ရှိသည်။ မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအပေါ် တင်းမာမှုကြားထဲတွင် အားကစားပွဲကိုဆင်နွှဲလျက်ရှိသည်။ Mr.Pence နှင့် ကင်ရုံနမ်တို့ကိုတောင်ကိုရီးယားသမ္မတ Moon Jae-in မှ ဖွင့်ပွဲအခမ်းအနားမကျင်းပမီကြိုဆိုဧည့်ခံခဲ့သည်။ သို့သော် အမေရိကန် ဒုတိယသမ္မတသည် အခမ်းအနားကျင်းပရာနေရာသို့ ရောက်ရှိပြီးငါးမိနစ်ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းတောင်ကိုရီးယားYonhapသတင်းဌာနမှ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် Mr Moon  မှ ငြိမ်းချမ်းရေးပြန်လည်စတင်သည့် ဆောင်းရာသီအိုလံပစ်ပွဲကိုအမြဲသတိရနေမည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ၎င်းသည် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟုYonhapသတင်းဌာနမှ ပြောကြားခဲ့သည်။

 

 

Related News