အီတလီနိုင်ငံက တော်ရီဒယ်ဂရီကိုခရိုင်မှာ ယူရိုငွေ(၁၀၀)တန် အတုတွေနဲ့(၅၀)တန်အတုအထုပ်ပေါင်း(၉၀)ကို ဖေဖော်ဝါရီလ (၁၁)ရက်မှာ နေပယ်မြို့ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့အီတလီနိုင်ငံပိုင်RAIသတင်းဌာနက 
သတင်းဖော်ပြပါတယ်။
 
အဲဒီငွေသားအတုတွေဟာ ယူရိုငွေ(၄၁)သန်းကျော်တန်ဖိုးရှိပြီး အလားတူငွေသားအတု ပြုလုပ်ရာမှာပါဝင်ခဲ့တယ်လို့ရဲတပ်ဖွဲ့က သိထားတဲ့ (၆၇)နှစ်အရွယ် အမျိုးသား(၁)ဦးရဲ့ခြံဝင်းထဲမှာ တွ့ခဲ့တာဖြစ်တယ်ဆိုပြီး ယူရိုနယူးစ်သတင်းဌာနက သတင်းဖော်ပြပါတယ်။ ငွေအတုတွေကို ပလတ်စတစ်စည်ပိုင်းတွေ ထဲထည့်ထားပြီး ဈေးကွက်ထဲမှာဖြန့်ဖို့ပြင်ဆင်နေတယ်လို့ ငွေတုလုပ်မှုနဲ့ဖမ်းဆီးခံထားရ သူကပြောတယ်ဆိုပြီး အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။
 
လူ(၆)ယောက်က (၅)နာရီကြာအောင် ရေတွက်ခဲ့လို့ ဖမ်းမိတဲ့ငွေတုတွေရဲ့တန်ဖိုးကို သိခဲ့ရတယ်လို့လည်း ပြောပါတယ်။ ငွေတုတွေလက်ဝယ် တွေ့ရှိခဲ့သူအမျိုးသားကို ဖမ်းဆီးထားပြီး ငွေတုတွေကိုတော့ အီတလီဗဟိုဘဏ်ကို လွှဲပြောင်းပေးထား ပြီဖြစ်တယ်လို့ နေပယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီဖြစ်ရပ်ဟာ အခုနှစ်အတွင်း အီတလီနိုင်ငံမှာ ငွေသားအတုပြုလုပ်ခဲ့မှုတွေနဲ့ပတ်သက်တဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ 
 
 
 

Related News