စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ယနေ့ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာ ပရီးမီးယား လိဂ်ပွဲစဉ် (၂၇)အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ လန်ဒန်ဒါဘီတွေထဲမှာ အပြင်းထန်ဆုံး ဒါဘီပွဲစဉ် တစ်ပွဲဖြစ်လာဖို့ရှိနေ တယ်လို့သိရပါတယ်။ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ကို စပါးအသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်က စားကြမှာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ်ယှဉ် ပြိုင်ကစားကြဖို့ရှိနေပါတယ်။
 
စပါးအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အဖြစ်ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ အာ ဆင်နယ်အသင်းက (၂) ဂိုးပြတ်နဲ့အနိုင်ရ ခဲ့ပါတယ်။ စပါးအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၅) ကြိမ်မှာ တစ်ကြိမ်စီအနိုင်ရရှိခဲ့ကြကာ (၃) ကြိမ်အထိသရေရလဒ်ထွက်ပေါ် ခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လန်ဒန်အခြေစိုက်အသင်း တွေနဲ့ (၆) ကြိမ်အထိတွေ့ဆုံခဲ့ရာမှာတော့ (၃) ပွဲနိုင်၊ (၃) ပွဲသရေရလဒ်ရရှိခဲ့ပြီး စပါးအသင်း ကတော့ (၅)ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံးရလဒ်ရရှိခဲ့ပါတယ်။
 
အာဆင်နယ်အသင်းဟာ လန်ဒန် ဒါဘီပွဲစဉ်တွေမှာ ရလဒ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီး လန်ဒန်ရဲ့အင်အားကြီးပြိုင်ဘက်အသင်း(၂) သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ ထက်သာလွန်နေခဲ့တာဖြစ်ပါတယ်။ ယခု(၂)သင်းယှဉ်ပြိုင်ကစားရမယ့်စပါးအသင်းရဲ့ အိမ်ကွင်းအဖြစ် ကစားနေတဲ့ ၀င်ဘလေကွင်းမှာ အာဆင်နယ်အသင်းဟာ ရလဒ်ကောင်း တွေရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ ၀င်ဘလေကွင်းမှာနောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဉ်(၉) ပွဲမှာ(၉)ပွဲစလုံးကို အနိုင်ရရှိခဲ့ပါတယ်။ 
 
 

Related News