မော်ဒိုက်နိုင်ငံမှာ အာဏာသိမ်းဖို့ကြိုးပမ်းရာမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ(၄)ဦးကို မော်ဒိုက်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုပြီး မော်ဒိုက်နိုင်ငံပိုင်PSMသတင်းဌာနက သတင်းဖော်ပြပါ တယ်။ 
မော်ဒိုက်သမ္မတဟောင်းမော်မွန်း အဗ္ဗဒူဂါယွန်းဟာ အာဏာသိမ်း ဖို့ကြိုးပမ်းခဲ့ပြီး လွှတ်တော်အမတ်တွေနဲ့တရားသူကြီးတွေကိုလာဘ်ထိုးခဲ့တဲ့အပြင် တရားရေးဆုံးဖြတ်ချက်တွေကို လွှမ်းမိုးခဲ့ တယ်လို့ ယူဆရတဲ့အတွက် 
ဖမ်းဆီးထားပြီး တရားသူကြီးချုပ်အဗ္ဗဒူလာ ဆာအိ၊ တရားရုံးချုပ်တရားသူကြီး အလီဟာမိနဲ့ တရားရေးဆိုင်ရာ စီမံခန့်ခွဲရေးမှူး ဟတ်ဆန် ဆာအိတို့ကို လည်း အလားတူစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 
 
တရားသူကြီး အလီဟာမိကို တရားသူကြီးအဖြစ်ကနေ မော်ဒိုက်တရားရေးကော်မရှင်(JSC)ကရွှေ့ဆိုင်းထားပြီး သူနဲ့ ပတ်သက်တဲ့စွပ်စွဲ ချက်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဟာမိဟာ 
နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ခဲ့တာ၊ လာဘ်ယူခဲ့တာနဲ့ အာဏာသိမ်းဖို့ စွပ်စွဲရာမှာ ပါဝင်ခဲ့သလားဆိုတဲ့ သက်သေတွေကို စုဆောင်းနေတယ်လို့ JSCကပြောပါတယ်။
 
ပြီးခဲ့တဲ့သီတင်းပတ်မှာ မော်ဒိုက်သမ္မတဟောင်း မိုဟာမက်နာရှိအပါအ၀င် အတိုက်အခံနိုင်ငံရေးသမား တွေရဲ့ပြစ်ဒဏ်တွေကို ပယ်ဖျက်ပေးရေးအမိန့်ကို မော်ဒိုက်တရားရုံးချုပ်ကထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ(၅)ရက်မှာတော့ နိုင်ငံတွင်းမှာ အရေးပေါ် အခြေအနေဖြစ်နေပြီလို့ လက်ရှိ သမ္မတအဗ္ဗဒူလာယာမီးန်က အမိန့်ထုတ်ပြန်ခဲ့တဲ့အပြင် တရားသူကြီးချုပ်နဲ့ တရားသူကြီးအလီဟာမိ တို့ကို ဖမ်းဆီးခဲ့ပါတယ်။ 
 
 
 

Related News