မော်ဒိုက်နိုင်ငံကိုလာရောက်ပြီး နိုင်ငံရဲ့အခြေအနေကိုလာကြည့်ကြဖို့ ဖွံ့ဖြိုးမှုတွဲဖက်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုပုဂ်္ဂိုလ်တွေကို မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ မိုဟာမက်အာဆင်းက ပြောပါတယ်။ မော်ဒိုက်နိုင်ငံပိုင် ဏြှ ရုပ်သံဌာနနဲ့သီးသန့်တွေ့ဆုံ မေးမြန်းမှုပြု လုပ်စဉ်မှာပြောခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ(၅)ရက်မှာ အရေးပေါ်အခြေအနေကြေညာခဲ့ပေမဲ့ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာမျိုးမရှိဘဲ ပြည်သူတွေရဲ့ပုံမှန်လှုပ်ရှားမှုတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှုမရှိခဲ့ဘူးလို့ ၀န်ကြီးအာဆင်းကပြောပါတယ်။ နိုင်ငံအစိုးရရဲ့ အုပ်ချုပ်ရေးယန်္တရားကို ထိခိုက်စေမယ့်ပြည်တွင်းရေးကိစ္စတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့တာဖြစ်ပြီး မြို့တော်မာလီမှာသာ အမိန့်သက်ရောက်ခဲ့တဲ့အပြင် နိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေကို မထိခိုက်စေခဲ့ဘူးလို့ မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ 

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်က ဖိုရှန်မြို့ထဲပိုင်းမှာ လမ်းပိုင်းတစ်ခုပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ(၈)ဦးသေဆုံး ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီလ(၈)ရက်မှာပြောပါတယ်။ မြေအောက်ရထားလမ်းဖောက်နေတဲ့လုပ်ငန်းခွင် ရှိနေတဲ့ လမ်းပိုင်းမှာ ဖေဖော်ဝါရီလ(၇)ရက်ညပိုင်းက အခုမတော်တဆဖြစ်ရပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာ မှာတင်လူ(၈)ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူ(၃)ဦးပျောက်ဆုံးနေတယ်လို့ ဖိုရှန်မြို့ပို့ဆောင်ရေးအာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ်လူ(၉)ဦးဒဏ်ရာရခဲ့ပြီး ဆေးရုံမှာကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။ ဘာကြောင့် လမ်းပြိုကျခဲ့သလဲဆိုတာကို တော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းမှာ နှင်းတွေကျနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေဆဲဖြစ်ပါတယ်။ ဂျပန်ပင်လယ်ပြင်ရဲ့ကမ်း ခြေမှာရှိတဲ့ ဖူကူအီစီရင်စုကအဓိကလမ်းမကြီး(၁)လမ်းမှာ ကီလိုမီတာ(၂၀) လောက်ရှည်ပြီး ယာဉ်အစီးရေ(၇၀၀)နီးပါးပါဝင်တဲ့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတယ်လို့ ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဂျပန်အမိမြေ ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး နှင်းတွေကိုရှင်းလင်းနေကြပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ အချိန်ခဏတာ နဲ့တော့ အဆင်ပြေသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ လေအေးတွေတိုက်နေတာကြောင့် ဂျပန်ပင်လယ်ပြင်ရဲ့ ကမ်းခြေဒေသတွေမှာ နှင်းတွေကျနေသေးတယ်လို့ ဂျပန်မိုးလေ၀သဌာနက ဖေဖော်ဝါရီလ(၈)ရက်မှာ ပြောပါတယ်။ ဖူကူအီဒေသခံတွေအနေနဲ့ နှင်းတွေကြောင့် ဖြစ်နိုင်တဲ့ပို့ဆောင်ရေး အခက်အခဲတွေနဲ့ မတော်တဆဖြစ်ရပ်တွေကို သတိထားကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

 

 

Related News