ဇန်န၀ါရီလအစောပိုင်းက တရုတ်အရှေ့ပင်လယ်ပြင်မှာ တရုတ်ကုန်တင်သင်္ဘော(၁)စီးနဲ့ အီရန်ရေနံတင်သင်္ဘော(၁)စီးတိုက်မိခဲ့ ပြီးနောက် အီရန်ရေနံတင်သင်္ဘောပေါက်ကွဲခဲ့ပြီး သင်္ဘောကနေ ဖိတ်ကျခဲ့တဲ့ရေနံတွေက ဧရိယာကျယ်ပြန့်လာတယ်လို့ တရုတ်ရေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ အီရန်ရေနံတင်သင်္ဘောဆန်ချီဟာ ဇန်န၀ါရီလ(၁၄)ရက်က ပေါက်ကွဲခဲ့ပြီး ရေနံတွေဖိတ်ကျ နေပြီး ဇန်န၀ါရီလ(၁၅)ရက်မှာ ရေနံဖိတ်ကျခဲ့တဲ့ဧရိယာက (၅၈)စတုန်းရန်းကီလိုမီတာလောက်ထိရှိလာပြီ ဖြစ်တယ်လို့ တရုတ်ပင်လယ်ရေကြောင်းစီမံခန့်ခွဲမှုဌာန(SOA)က ဇန်န၀ါရီလ(၁၅)ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဆန်ချီသင်္ဘောပေါက်ကွဲခဲ့တဲ့နေရာရဲ့ မြောက်ဘက်(၅)ကီလိုမီတာ ပတ်ဝန်းကျင်ကို ရေနံတွေပြန့်နေတာကို ကင်းလှည့် လေယာဉ်တွေက တွေ့ခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဆန်ချီသင်္ဘောနစ်မြုပ်ခဲ့တဲ့နေရာမှာ မီးလောင်မှုဖြစ်ပွားနေ တာမျိုးကိုမတွေ့ရဘဲ ရေနံယိုဖိတ်ထားတာတွေကိုတော့  ပင်လယ်ပြင်ကင်းလှည့်လေယာဉ်တွေက အလွယ်တကူ တွေ့နေရတာ ဖြစ်တယ်လို့ SOA က ပြောပါတယ်။ ဖိတ်ကျနေတဲ့ရေနံတွေက ပင်လယ်ရေစီးကြောင်းကြောင့် မြောက်ဘက်ကို ဦးတည်ရွှေ့သွားနိုင်တယ်လို့ SOAက ခန့်မှန်းနေပါတယ်။ အဲဒီနေရာပတ်ဝန်းကျင်ရေကို သဘာဝပတ်ဝန်းကျင်လေ့လာရေးစခန်း (၇)က စစ်ဆေးရာမှာတော့ ညစ်ညမ်းမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။  
 
 
 

Related News