အမေရိကန်ရေ တပ်သင်္ဘောသစ်USS၀ါးစ်ပ်ကို ဂျပန်နိုင်ငံမှာ ဇန်န၀ါရီလ(၁၄)ရက်က စတင်နေရာချထားခဲ့ပြီး အဲဒီသင်္ဘောဟာ အဆင့်မြင့်ကိုယ် ပျောက်လေယာဉ်တွေ တင်ဆောင်နိုင်တယ်လို့ အမေရိကန်ရေတပ်ဘက်ကပြောပါတယ်။အဆင့်မြင့် F-35 B ကိုယ်ပျောက်လေယာဉ်တွေ သယ်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေးသင်္ဘောသစ်(၁)စီးကို အမေရိကန်ရေတပ်က ဂျပန်နိုင်ငံအနောက်တောင်ဘက်မှာ ဇန်န၀ါရီလ(၁၄)ရက်က စတင်နေရာချထားခဲ့ပါတယ်။ အမေရိကန်ရေတပ်သင်္ဘောUSSဘွန် ဟိုမီကို အစားထိုးဖို့ရောက်ရှိလာတဲ့ အဲဒီUSS၀ါးစ်ပ်က နာဂါစာကီစီရင်စုမှာရှိတဲ့ ဆာဆီဘိုဆိပ်ကမ်းကို ဇန်န၀ါရီလ (၁၄)ရက် မနက်ပိုင်းမှာ ၀င်ရောက်လာပါတယ်။
 
အဲဒီသင်္ဘောဟာ အော့စပရေးသယ်ပို့လေယာဉ်တွေကိုတင်ဆောင်နိုင်အောင် အဆင့်မြှင့် တင်ထားပြီး ဂျပန်နိုင်ငံအနောက်ပိုင်း၊ အီဝါကူနီမြို့က အမေရိကန်စစ်တပ်အခြေစိုက်စခန်းမှာနေရာချထားတဲ့F-35 Bကိုယ် ပျောက်လေယာဉ်တွေလည်း တင်ဆောင်ထွက်ခွာနိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဘက်က ဒုံးကျည်နဲ့နျူကလီးယားဆိုင်ရာ ကျူးကျော်ရန်စမှုတွေပြုလုပ်နေပြီး အာရှ-ပစိဖိတ်ဒေသမှာ ရေကြောင်းလှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက မြှင့်တင်နေချိန်မှာ အဲဒီ သင်္ဘောကို နေရာချထားခဲ့တာဖြစ်ပါတယ်။
 
USS ၀ါးစ်ပ်ဟာ ဒေသတွင်း အဆင့်အမြင့်ဆုံးစစ်ဘက်ဆိုင်ရာပစ္စည်းပိုင်ဆိုင်မှု တွေအတွက် ကာလရှည်အားထုတ်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အမေရိကန်ရေတပ်ဘက်ကပြောတယ်ဆိုပြီးNHKသတင်း ဌာနက သတင်းဖော်ပြပါတယ်။ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတွေက သင်္ဘော နေရာချထားမှုကို ဆန္ဒပြခဲ့ကြပါတယ်။ သင်္ဘောနေရာချထားတာကြောင့် တင်းမာမှုတွေမြင့်တက်လာနိုင်ပြီး တပ်ဖွဲ့တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ ဆန္ဒပြသူတွေကပြောခဲ့ပါတယ်။
 
 
 

Related News