အမေရိကန်ထောက်ပံ့ပေးထားတဲ့စစ်သင်္ဘောတစ်စီးဖြစ်တဲ့ ယူအက်စ်အက်စ် ဂျွန်အက်စ် မက်ကိန်းဟာ ဓာတုပစ္စည်:တွေတင်လာတဲ့ ကုန်သင်္ဘော အယ်လ်မစ်ခ် အမ်စီနဲ့ တနင်္လာနေ့မနက်ပိုင်းက မလက္ကာရေလက်ကြားမှာ တိုက်မိခဲ့ပါတယ်။ အခုမတော်တဆမှုကြောင့် သင်္ဘောသား(၁၀)ဦးပျောက်ဆုံး နေပြီး (၅)ဦးဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်သင်္ဘောရဲ့ ကမ်းကပ်တော့မယ့်အပိုင်းမှာ အထိအခိုက်ပိုများခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အမေရိကန်သင်္ဘောဟာ သူ့ရဲ့အင်ဂျင်မောင်းနှင်အားကို အသုံးပြုပြီး ဆိပ်ကမ်းတစ်ခုကို ဦးတည်နေတာပါ။ ဂျွန်အက်စ် မက်ကိန်းဟာ တိုကျိုနားမှာရှိတဲ့ ယိုကိုဆူကာမြို့နားက အမေရိကန်ရေတပ်တပ်ရင်း(၇)က သင်္ဘောဖြစ်ပါတယ်။ ဂျွန်အက်စ် မက်ကိန်းဟာ ယခုလအစောပိုင်းက တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားကျွန်းစုတွေက တရုတ်ပိုင်ကျွန်းတစ်ကျွန်းနားမှာ လုပ်ဆောင်တဲ့ လွတ်လပ်စွာရေကြောင်း သွားလာမှုဆိုတဲ့ စစ်ဆင်ရေးကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ အမေရိကန်စစ်သင်္ဘောဟာ စင်ကာပူနိုင်ငံကို ဦးတည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဂျွန်လတုန်းကလည်း အမေရိကန်ရေတပ်တပ်ရင်း(၇)က သင်္ဘော ဖစ်ဇ်ဂျီရယ်ဟာ ဂျပန်ပိုင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ တိုက်မိခဲ့ပါတယ်။ ဂျွန်လကမတော်တဆမှုမှာတော့ သင်္ဘောသား(၇)ဦး သေဆုံးခဲ့ပါတယ်။

 

 

Related News