တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်များဖြစ်ကြသော Taeyang နှင့် Min Hyo Rin တို့သည် လမ်းခွဲပြတ်စဲလိုက်ပြီဟု သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။ မကြာသေးမီကမှ ထွက်ရှိခဲ့သော Taeyang ၏ တေးသီချင်းသစ်က ချစ်သူနှင့် လမ်းခွဲသည့်အကြောင်းအား ခံစားရေးစပ်ထားသည့်အတွက် ယခုကဲ့သို့ထင် ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးသည် ၂၀၁၃ ခုနှစ်က ဂီတဗွီဒီယိုရိုက်ကွင်းတစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးချစ်သူများဖြစ်နေကြသည်ကို ၂၀၁၅ ခုနှစ်က ပရိသတ်အား အသိပေးကြေညာခဲ့ခြင်းဖြစ် သည်။ လတ်တလောတွင် မင်းသမီး Min Hyo Rin က Uhm Bok Dong အမည်ရှိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်လျက်ရှိပြီး Taeyang ကလည်း တစ်ကိုယ်တော်တေးအယ်လ်ဘမ်ထွက်ရှိနိုင်ရန်အတွက် ပြင်ဆင်နေသည်ဟု သိရ သည်။ ၄င်းတို့နှစ်ဦးလမ်းခွဲလိုက်ပြီဟူသောသတင်းနှင့် ပတ်သက်ပြီး Taeyang ၏ အနုပညာအေဂျင်စီက အဆိုပါသတင်း သည် မဟုတ်မမှန်ကြောင်းနှင့် လက်ရှိအချိန်ထိ ချစ်သူများအဖြစ် လက်တွဲနေဆဲဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြား ထားသည်ဟုလည်း သိရသည်။ 

 

Related News