လန်ဒန်မြို့က ဂရင်းဖဲလ်တာဝါမီးလောင်မှုမှာ သေဆုံးသူ(၅၈)ဦးထက်မနည်းရှိသွားပြီဖြစ်ပြီး နောက်ထပ် ဒါဇင်ချီပျောက်ဆုံးနေဆဲဖြစ်လို့ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်သေး တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ကပြောလိုက်ပါတယ်။ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင် တာကြောင့် လက်ရှိသေဆုံးသူ(၅၈)ဦးရှိတယ်ဆိုတဲ့အရေအတွက်ဟာ ပြောင်းလဲမှုရှိနိုင်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ပြောခွင့်ရသူ စတူးယက် ကန်ဒီက ပြောပါတယ်။ အဆောက်အအုံမှာ နေထိုင်သူတွေက ပူးပေါင်းကူညီတဲ့ သတင်းအချက်အလက်အရ သေဆုံးသူ (၅၈)ဦးရှိတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတာလို့လည်း စတူးယက် ကန်ဒီက ပြောပါ တယ်။

ပျောက်ဆုံးနေသူတွေနဲ့ မီးလောင်တဲ့ညမှာ အဆောက်အအုံထဲလူမသိ သူမသိရှိနေသူတွေလည်းရှိခဲ့နိုင်လို့ သေဆုံးသူ မြင့်တက်လာနိုင်တာလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ ဒီအဆောက်အအုံမီးလောင်မှုမှာ သေဆုံးသူတစ်ဦးတည်းကိုသာ ဘယ်သူဖြစ်တယ်ဆိုတာခွဲခြားထားနိုင်ပါသေးတယ်။ မီးဘေးသင့် သူတွေ အတွက်ထောက်ပံ့ရေးပေးဖို့တောင်းဆို ဆန္ဒပြတာတွေရှိနေချိန်မှာပဲ ၀န်ကြီးချုပ် ထရီဆာမေ ဟာ ၀န်ကြီးချုပ်အိမ်မှာ မီးဘေးသင့်သူတွေနဲ့ နှစ်နာရီခွဲကြာတွေ့ဆုံခဲ့ပြီး အာဏာပိုင်တွေဘက်က လုံလောက်တဲ့တုံ့ပြန်မှု မလုပ်နိုင်ခဲ့တာကိုလည်း ၀န်ခံထားပါတယ်။ 

 

Related News